Jinghpaw Academy ဦး Bum Yun မှ ကျောက်စိမ်းတုံးကြီး လက်ဆောင်ပေး

ဇန်န၀ါရီ ၁၆၊ ၂၀၁၉ ကချင်ကျောက်စိမ်း လုပ်ငန်းရှင် ဦး Bum Yun လှူဒါန်းတဲ့ ကျောက်စိမ်းတုံးကြီး လက်ခံတဲ့ အခမ်းအနား မြစ်ကြီးနားလေဆိပ်မှာ ပြုလုပ်
Share

၇၁ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် လက်ဆောင်အဖြစ် အဖိုးတန် ဖားကန့် ကျောက်စိမ်းတုံးကြီး တစ်လုံးကို ကချင် ကျောက်စိမ်း လုပ်ငန်းရှင် ဦး Banlun Lumyang Bum Yun မှ ယနေ့ ဇန်န၀ါရီ ၁၆ ရက်နေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကို ပေးအပ်ခဲ့သည်။

ကျောက်စိမ်းတန်ဖိုးမှာ ကာလပေါက်ဈေးမှာ ကျပ် သိန်း ၁၀၀၀၀ ရှိသည်ဟု ဆိုပါသည်။

Kachin-tycoon-Bum-Yun-donates-jade-stone-to-Kachin-State-government-on-Jan-16.jpg
ဦး Bum Yun လှူဒါန်းတဲ့ ကျောက်စိမ်းတုံးကြီး လက်ခံတဲ့ အခမ်းအနား၊ မြစ်ကြီးနားလေဆိပ်

ကျောက်စိမ်းတုန်းကြီးကို လက်ခံပြီး မြစ်ကြီးနားလေဆိပ်ရှေ့ ထားရှိသည့် အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ Hkyet Awng တက်ရောက်ခဲ့သည်။

ဦး Bum Yun သည် Jinghpaw Academy Jewellery Co., Ltd. ပိုင်ရှင်ဖြစ်သည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ ခက်အောင် (ဘယ်) နဲ့ ဦး Bum Yun