ပထမအကြိမ် မြန်မာနိုင်ငံ လီဆူ လူငယ်ညီလာခံ စတင် ကျင်းပ

ဒီဇင်ဘာ ၁၂၊ ၂၀၁၈ ပထမအကြိမ် လီဆူ လူငယ်ညီလာခံ၊ မြစ်ကြီးနားမြိ့၊ ကချင်ပြည်နယ်
Share

ပထမအကြိမ် မြန်မာနိုင်ငံ လီဆူ လူငယ်ညီလာခံကို ကချင်ပြည်နယ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ လီဆူစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီရုံး ခြံဝင်းတွင် ယနေ့ စတင် ကျင်းပနေပါသည်။

ခေတ်မှီတိုးတက်လာသည်နှင့်အမျှ လီဆူလူငယ်များ၏ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာ စသော ကဏ္ဍအဖက်ဖက်တွင် ရင်ဘောင်တန်းလာနိုင်အောင် ရည်ရွယ်ပြီး International အဆင့် ပညာရှင်များကိုခေါ်ယူသဖြင့် သင်တန်းပို့ချပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးအားဖူရီလီမီ က ကချင်သတင်းဌာန KNG ကို ပြောသည်။

ထို့အပြင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အကြောင်းအရာများကို အထူးပို့ချသွားမည်ဖြစ်သည့်အတွက် သီးခြားမူးယစ်ဆေးဝါးသုံးစွဲနေသော လူငယ်များလည်း ကိုယ်တိုင်လာရောက်ပါဝင်ပေးရန် မေတ္တာရပ်ခံလိုက်ကြောင်းဆက်လက်ပြောဆိုသည်။

First-Lisu-youth-conference-Myitkyina-Dec-12-2018.jpg
ဒီဇင်ဘာ ၁၂၊ ၂၀၁၈ ပထမအကြိမ် လီဆူ လူငယ်ညီလာခံ၊ မြစ်ကြီးနားမြိ့၊ ကချင်ပြည်နယ်

သုံးရက်ကြာ ကျင်းပသော လီဆူလူငယ်ညီလာခံသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ တနိုင်း၊ ဖားကန့်၊ ဆဒုံး၊ ဗန်မော်၊ ချီဖွေ၊ ခေါင်လန်ဖူး၊ မိုးကုတ်၊ ရှမ်းပြည်၊ ကယား၊ ရန်ကုန်၊ မန္တလေးစသော ပြည်နယ်နှင့် တိုင်းများမှ လီဆူလူငယ်များ ၃၀၀၀ ကျော်ခန့် ပါဝင်ကြောင်းတွေ့ရသည်။

ညီလာခံကို ဒီဇင်ဘာ ၁၄ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ထူးခြားသော လီဆူရိုးရာအကများနှင့် ဂီတဖျော်ဖြေပွဲများလည်း စီစဉ်ထားပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest