တရားရုံး စီရင်ချက်ပေါ် ကန့်ကွက်ဆန္ဒပြပွဲ ခေါင်းဆောင် (၃)ဦး ဖမ်းဆီး ခံရ

ဒီဇင်ဘာ ၇၊ ၂၀၁၈ ဆရာ ဘရန်မိုင် အား ရဲများ ဖမ်းဆီးခေါ်ဆောင်သွားစဉ်
Share

ကချင်ပြည်နယ် တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေး ဦးဆောင် လှုပ်ရှားခဲ့သော ကချင်လူငယ် ခေါင်းဆောင် (၃)ဦးကို သောကြာနေ့ တရားရုံးမှ ထောင်ဒဏ်နှင့်ငွေဒဏ် စီရင်ချက် ချခြင်းပေါ် ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်သော လူငယ်ခေါင်းဆောင် (၃)ဦးကို ရဲများ ဖမ်းဆီးလိုက်ပါသည်။

ဆန္ဒပြပွဲ ဦးဆောင်သော Shd. Seng Hkum Awng (ကိုဆိုင်းခွမ်အောင်)၊ Shy. Sut Seng Htoi (မ ဆွတ်ဆိုင်းထွယ်) နှင့် Sara Brang Mai (ဆရာ ဘရန်မိုင်) တို့အား ငြိမ်းစုစီ ဥပဒေ ပုဒ်မ (၁၉) ဖြင့် မြစ်ကြီးမြို့နယ် မြို့မရဲစခန်းမှ အမှု ဖွင့် အရေးယူ ဖမ်းဆီးထားခြင်း ဖြစ်သည်။

Kachin-activists-Brang-Mai-and-Sut-Seng-Htoi-are-detained-by-Burmese-police.jpg
Sara Brang Mai (ဆရာ ဘရန်မိုင်) (ဘယ်) နဲ့  Sut Seng Htoi (ဆွတ်ဆိုင်းထွယ်)၊ ဒီဇင်ဘာ ၇၊ ၂၀၁၈

တိုက်ပွဲအတွင်း ပိတ်မိပြည်သူများလွတ်မြောက်ရေး ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ခဲ့သော Shd. Lum Zawng (လွမ်းဇောင်း)၊ Shd. Zau Jat (ဇော်ဂျတ်) နှင့် Shy. Nang Pu (နန်ပူ) တို့အား မြစ်ကြီးနားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ၅ သိန်း ချမှတ်ခြင်းကို မကျေနပ်သဖြင့် စစ်ရှောင်ပြည်သူများနှင့်တကွ တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

ထို့နောက် တရားရုံးမှ မနောကွင်းအထိလည်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE