မြစ်ကြီးနားတွင် တပ်မတော်ကို ထောက်ခံသော ဆန္ဒပြပွဲ ပြုလုပ်

ဒီဇင်ဘာ ၃၊ ၂၀၁၈ မြစ်ကြီးနားတွင် တပ်မတော်ကို ထောက်ခံသော ဆန္ဒပြပွဲ
Share

မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် အဖြစ် တပ်မတော်ကို ထောက်ခံသည့် ဆန္ဒပြပွဲကို ယနေ့ နံနက် ၈နာရီ ခန့်က စိမ်းမြဧရာ ပန်းခြံရှေ့တွင် ကျင်းပခဲ့ကြသည်။

၎င်းဆန္ဒပြပွဲကို မြန်မာနိုင်ငံစစ်မူထမ်းဟောင်းမှ ကြီးမှူးဦးစီးကာ မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲဖြစ်သည်။

“နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ တပ်မတော်မရှိရင် မြန်မာ့လွှတ်လပ်ရေးဟာ ဆုံးရှုံးသွားနိုင်တယ်၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ကိုထိပါးသွားနိုင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ တပ်မတော်ကို ပြင်ပက စွက်ဖက်တာကို အလိုမရှိတဲ့ အတွက် ဆန္ဒထုတ်ဖော်တာဖြစ်တယ်။” ဟု စစ်မူထမ်းဟောင်းမှ တာဝန်ရှိသူက ခုလိုပြောသည်။

pro-tatmadaw-demonstration-in-Myitkyina-led-by-veterans.jpg
ဒီဇင်ဘာ ၃၊ ၂၀၁၈ မြစ်ကြီးနားတွင် တပ်မတော်ကို ထောက်ခံသော ဆန္ဒပြပွဲ

ဆန္ဒထုတ်ဖော်ရာတွင် လူအင်အား (၄၀၀) ခန့်ရှိပြီး ‘တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ တပ်မတော်ကို အင်အားချိုးနှိမ်မှု မှန်သမျှ တို့လုံးဝလက်မခံ’ အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ကိုယ့်နိုင်ငံကို သူများက လာပြီးကျူးကျော်တာလည်း မလိုလားဘူး၊ ကိုယ့်နိုင်ငံကို သူများနိုင်ငံကို လာပြီးစွက်ဖက်တာလည်း မကြိုက်ဘူး” ဟု တပ်မတော် မိသားစုဝင်တစ်ဦးက ခုလိုပြောသည်။

ယနေ့ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲတွင် မြန်မာနိုင်ငံစစ်မူထမ်းဟောင်းအဖွဲ့မှ ဦးဆောင်ကာ မြစ်ကြိီးနား စစ်မူထမ်းဟောင်း အဖွဲ့ဝင်များ အပါအဝင် မြစ်ကြီးနားမြို့ရှိ ပြည်သူအခိျု့လည်း ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest