မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန် ပညာပေး အစီစဉ် ပြုလုပ်

နိုဝင်ဘာ ၂၆၊ ၂၀၁၈ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန် ပညာပေး အစီစဉ် ပြုလုပ်
Share

ကချင်ပြည်နယ် မြစ်ကြီးနားမြိ့တွင် ယနေ့ နံနက် (၉)နာရီအချိန် မော်တော်ဆိုင်ကယ်စီးနင်းသူများ ယာဉ်အန္တယ် ကင်းရှင်းစေရန်အတွက် ဆိုင်ကယ် ဦးထုပ်ဆောင်းရန် အသိပညာပေး အစီစဉ်ကို လုပ်ဆောင်ပါသည်။

"ယာဉ်တိုက်မှုမှာ ဆိုင်ကယ်နဲ့ ဖြစ်တာများတယ်။ အဓိက ခေါင်းထိခိုက်တာမျိုးတွေ များတဲ့အတွက် ကျနော်တို့က သူတို့ကို ဝန်ဆောင်မှုပေးတဲ့အနေနဲ့ လုပ်တာပါ။ ယာဉ်တိုက်မှု လျှော့နည်းစေရေးနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျ ရှိစေရေးရယ် ယာဉ်တိုက်မှု ဖြစ်စဉ် တစ်ခုဖြစ်ပြီ ဆိုတာနဲ့ အနီးစပ်ဆုံးဆေးရုံရောက်အောင်၊ ခေါင်းထိခိုက်တာ မရှိအောင် ဦးထုပ်ဆောင်းစေချင်တဲ့အတွက် ပြုလုပ်ရတာပါဟု" ယာဉ်ထိန်းရဲမှုး ဦးရဲလွင် ပြောသည်။

ထိုသို့ အသိပညာပေးအစီစဉ်တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသော ဆိုင်ကယ်မောင်းသူများအား ဆိုင်ကယ်ဦးထုပ်လက်ဆောင်ပေးပြီး၊ စည်းကမ်းချက်များနှင့် မကိုက်ညီသော သူများကို သတိပေး စတစ်ကာများ ကပ်ပေးကာ အသိပညာပေးခြင်းများ လုပ်ဆောင်နေကြသည်။

KNG-photo-of-road-safety-movement-in-Myitkyina.jpg

၎င်းယာဉ်အန္တာရယ်ကင်းရှင်းရေး အသိပညာပေးကို အမှတ် ၁၅ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ ကချင်မှ ရဲမှုး ရဲလွင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ ဦးဆောင်ကာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားရေး ဦးစီးဌာန အပါအဝင် အခြား အရပ်ဖက် အဖွဲ့အစည်းများ လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။

ယင်းသတိပေးစတစ်ကာ တပ်ဆင်ပေးသည့် အသိပညာပေးအစီစဉ်ကို မြစ်ကြီနားမြိ့၏ အဓိကနေရာများဖြစ်သည့် ပြည်ထောင်စုလမ်း၊ သခင်နက်ဖေလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ ဈေးလမ်းမြိ့အထွက်လမ်း စည့် နေရာများတွင် လုပ်ဆောင်သွားမည်ဟု သိရသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest