KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု မြန်မာအစိုးရတပ် သိမ်းပိုက်

ပူတာအို မြို့နယ်ရှိ KIA ရှေ့တန်းစခန်း
Share

ကချင်ပြည်နယ်မြောက်ဘက် မြစ်ကြီးနား-ပူတာအိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁) ရှေ့တန်း စခန်းငယ် (၁)ခု ကို ပြီးခဲ့သည့် နှစ်ရက်က မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရပ်ကွက် က ဆိုသည်။

အင်အားအလုံးအရင်းဖြင့် အစိုးရစစ်ကြောင်း ၀င်ရောက်လာသောကြောင့် စစ်သား (၁၀) ခန့်သာရှိသော KIA တပ်ရင်း (၂၂)၊ Kawng Ja (ကောင်ဂျာ) စခန်းကို နိုဝင်ဘာ (၁၃) အင်္ဂါနေ့ ရှောင်ပေးခဲ့ရသည်ဟု KIA က ဆိုပါသည်။

အဆိုပါ KIA စခန်းသည် မလိခချောင်း အနောက်ဘက်ခြမ်း KIA တပ်မဟာ (၁) နှင့် တပ်မဟာ (၂) နယ်မြေကြား တည်ရှိပြီး စစ်ရေးအရ အချက်ခြာကျသော တည်နေရာဖြစ်ကြောင်း KIA က ဆိုသည်။

ယခုလို မြန်မာအစိုးရတပ်၏ KIA စခန်းငယ်ကို သိမ်းပိုက်မှုကြောင့် အဆိုပါဒေသတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု လိုင်ဇာ က KIA အရာရှိများ ဆိုပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest