တပ်မတော်၏ ဖမ်းဆီးခေါ်ဆောင်မှု ခံရသည့် ဗန်းမော်ဒေသခံ ၃ ဦးပြန်လွတ်လာဟု ဆို

မြန်မာစစ်သား
Share

လွန်ခဲ့သည့်အပတ်က တပ်မတေ်၏ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသော ဗန်းမော်မြို့နယ် မှ ဒေသခံ ၃ ဦး အောက်တိုဘာ ၂၁ ရက်နေ့ ပြန်လွတ်လာပြီ ဖြစ်ကြောင်း သိရပါသည်။

ဗန်းမော်မြို့နယ် ဆင်ခမ်းကျေးရွာအုပ်စု နမ်ခုတ်ကျေးရွာသား ၃ ဦး အလုပ်လုပ်နေချိန် ခေါ်သွာခံရခြင်းဖြစ်ပြီး ၂ ရက်အကြာ ပြန်လည် ရောက်ရှိလာသည်ဟု အဆိုပါ ကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးမှ သိရပါသည်။

လွန်ခဲ့သည့်သောကြာနေ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၅ ဒေသ လမိုင်ယန် စခန်းဘက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်မှ ယခုလို ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။

အဆိုပါ နယ်မြေကို တပ်မတော်ဘက်မှ စစ်ရေးလှုပ်ရှားလာနေသည်မှာ ၂ ပတ်ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံ ပြောပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest