တိုက်ပွဲကြောင့် စစ်ရှောင်များ ပစ်ထားခဲ့ရသော နေအိမ်နှင့် ပစ္စည်းများ ခိုးယူနေ

Ga Ra Yang ကျေးရွာ၊ ၀ိုင်းမော်မြို့နယ်
Share

တိုက်ပွဲကြောင့် Ga Ra Yang (ဂါးရာယန်) ကျေးရွာ စစ်ရှောင်များ ကျန်ရစ်ခဲ့သော နေအိမ်တံခါးများ၊ သွပ်များကို ဖြုတ်ယူနေကြကြောင်း စစ်ရှောင်များ ပြောပါသည်။

"အစကတည်းက ဒီသတင်းကြားနေရပြီ။ ရွာမှာ သွပ်တွေ ခွာတယ်၊ တံခါးတွေဖြုတ်ယူကြတယ်ဆိုပြီး ကြားနေရတာတော့ ကြာပြီ။ ကျမလည်း အလုပ်မအားတာနဲ့မသွားကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကျမအထင်တော့ ကျမအိမ်က လမ်းနံဘေးမှာဆိုတော့ အဲလောက်ထိ မဆိုးလောက်ဘူးလို့ ထင်နေတာ ခုတစ်လော ငှက်ပျောခြံကိစ္စနဲ့ ပတ်သက်ပြီး ကွင်းဆင်းဖို့ သွားတဲ့ချိန်မှ အိမ်ခဏဝင်ကြည့်လိုက်တာ တံခါးတွေအားလုံး ဖြုတ်ပြီး စုပုံထားကြတယ်။” ဟု မိုင်းနား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ရှောင်စခန်းတွင် ခိုလှုံနေသော ဂါးရာယန် နယ်မြေထိန်းသိမ်းအဖွဲ့ အတွင်းရေးမှူး Ah Ji က ဆိုသည်။

စစ်ရှောင်များ၏ နေအိမ်များတွင် တံခါးများ၊ သွပ်များဖြုတ်ယူသည့်အပြင် တံခါးများဖြင့် ထောင်ခြောက်များ ပြုလုပ်ထားပြီး ဆားထည့်သည့်ခွက်များနှင့် နွားများကို ထောင်ချောက်ဆင်ဖမ်းသည့် ပုံစံများလည်း တွေ့ရှိကြောင်း ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ စစ်ရှောင်များ နေရပ်မပြန်နိုင်ခင် သက်ဆိုင်ရာအစိုးရအာဏာပိုင်များက ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းပေးရန် လိုလားကြောင်း စစ်ရှောင်များက ဆိုသည်။

အိမ်ခြေ ၄၀၀ ရာကျော်ရှိသော Ga Ra Yang (ဂါးရာယန်) ကျေးရွာသည် ၂၀၁၂ ခုနှစ်တွင် အစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့ တိုက်ပွဲများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး Ga Ra Yang (ဂါးရာယန်) ကျေးရွာ၌ တာဝန်ကျနေသော လုံခြုံရေးတပ်အား ဒေသခံများမှ မေးမြန်းရာ ၎င်းတို့က မည်သူမည်ဝါ အတိအကျ မသိသေးသည့်အတွက် တရားခံများကို ဖမ်းဆီးနိုင်အောင် ကြိုးစားနေကြကြောင်းပြောခဲ့သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest