မှော်ဝမ်းကလေး ရာအိမ်မှူး၊ ဒုရာအိမ်မှူး တာဝန်မှ ရပ်စဲရေး တိုင်ကြားချက် စတင်စစ်ဆေး

မှော်ဝမ်းကလေး ရာအိမ်မှူး၊ ဒုရာအိမ်မှူး တာဝန်မှ ရပ်စဲရေး တိုင်ကြားချက် စတင်စစ်ဆေး
Share

ဖားကန့် မှော်ဝမ်းကလေးကျေးရွာမှ ရာအိမ်မှူးနှင့် ဒုရာအိမ်မှူးတို့ နှစ်ဦးအား မှော်ဝမ်းကလေး ဒေသခံများနှင့် ရပ်မိရပ်ဖများ တာဝန်မှ ရပ်နားပေးရန် တောင်းဆိုထားသည့် ကိစ္စ ဖားကန့်စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အောက်တိုဘာ ၁၅ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျနော်တို့ကို ခေါ်စစ်ဆေးတယ်။ အဓိက ကျနော်တို့ကတော့ အရင် ဥက္ကဌဟောင်းလက်ထက်က သိန်း၅၀ ကိစ္စ၊ ပြီးတော့ ရာအိမ်မှူးနှင့် ဒုရာအိမ်မှူးတို့ ရောင်းစားထားတဲ့ မြေ ၅ သိန်းနှင့် ၁၆ သိန်း၊ နောက်တစ်ခုက ဦးနော်ထွယ်ကို ရောင်းစားထားလား ငှားထားတာလား မသိတဲ့ မြေ ၃ဧက အဲဒါတွေကို ပြောပြခဲ့ပါတယ်” ဟု တိုင်စာပို့သူများထဲမှ ဦးဇေယျာက ပြောသည်။

မိုးညှင်းခရိုင်ရုံးမှ ဖားကန့်ကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ယခုကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ရန် စာထုတ်ပြန်လာသည့်အတွက် ဖားကန့် ကော်မရှင် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် တိုင်စာကို ဦးဆောင်ပို့သူများဖြစ်ကြသည့် ဦးဇေယျာ၊ ဦးရှိန်ရတ်၊ ဦးမိုးနိုင်၊ ဦးမြစ်နော့လှဂျာ တို့ လေးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဒေသခံများနှင့် ရပ်မိရပ်ဖများသည် သြဂုတ်လ (၈)ရက်နေ့ သက်ဆိုင်ရာအစိုးရသို့ တရားဝင်စာတင် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest