ဖားကန့် စပျစ်ခူးကျေးရွာဦးပိုင်း မြေစာစွန့်ပစ်မှုပြဿနာ ဖြေရှင်းပေးရန် တောင်းဆို

Lahtaw Naw Lun၊ ဖားကန့်
Share

ဖားကန့်၊ အေးမြသာယာအုပ်စု စပျစ်ခူး ကျေးရွာဦးထိပ်ပိုင်းတွင် ကုမ္ပဏီများမှ မြေစာပုံများ သွန်ချ နေသောကြောင့် ပြိုကျလာမည့်အခြေအနေဖြစ်လာသဖြင့် ရွာသားများစိုးရိမ်နေကြောင်း ပြောပါသည်။

ထို့အပြင် ကုမ္ပဏီများမှ ရွာအနီး မြေစာ ပုံမှန်သွန်ချမှုကြောင့် ပြိုကျမည့်အခြေအနေအပြင် ရပ်ရွာအတွင်း သောက်သုံးရေများ ခက်ခဲမှုရှိလာကြောင်း ဒေသခံများမှ သိရသည်။

၎င်း စွန့်ပစ်မြေစာပုံသည် အမြင့်ပေ ၃၀၀ခန့် ရှိနေပြီ ဖြစ်ပြီး အကျယ်အဝန်းမှာ ၁ မိုင် ကျော်ခန့် ရှိနေပြီဖြစ် ကြောင်းသိရသည်။

လုပ်ကွက်နေရာ မဟုတ်သော ကျေးရွာအနီးတွင်သာ ကုမ္ပဏီများမှ မြေစာ စွန့်ပစ်နေကြောင်း ဒေသခံ ဦး Lahtaw Naw Lun က ယခုလို စိတ်မကောင်းစွာပြောဆိုသည်။

“အခုမြေစာပုံတာက ရွာရဲ့ထိပ်ပိုင်းမှာဖြစ်တယ်။ ၁မိုင်ကျော်ခန့်လောက်ဘဲ ကျန်တော့တယ်။ ရွာနဲ့အရမ်းနီးနေပြီ။ ပြိုကျလာရင် တစ်ရွာလုံး သေရုံဘဲရှိတယ်။ အန္တရာယ်အရမ်းများနေတယ်။ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းတွေကိုပြောဆိုရင်လည်း လုပ်ဆောင်ပေးတာမရှိဘူး။ ပြောချင်တာက ဒီကိစ္စကို အမြန်ဆောင်ရွက်စေချင်တယ်။”

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် ဒေသခံများမှ ကျေးရွာ တာဝန်ရှိသူများကို တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့သည့်အတွက် သက်ဆိုင်ရာအစိုးရဌာန အသီးသီးသို့ စာတင်ပြတောင်းဆို ထားကြောင်းသိရသည်။

ဒေသခံပြည်သူများ၏ တောင်းဆိုမှုများကို သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက အမြန်ဆောင်ရွက်မှု မရှိလျှင် လာမည့် အပတ်တွင် လူထုဆန္ဒပြသွားမည့်အကြောင်း သိရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest