မူဆယ် မြန်မာနယ်နိမိတ်ဘက်ကို တရုတ်နိုင်ငံမှ ထပ်မံ ကျူးကျော်

တရုတ်လုံခြုံရေးတပ်ဖွဲ့များ မြန်မာနယ်နိမိတ်အခြားထဲ ကျူးကျော်ဝင်ရောက်ပြီး ဆောက်လုပ်ရေးကို တားဆီးနေပုံ၊ အောက်တိုဘာ ၁၇၊ ၂၀၁၈
Share

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နယ်စပ်ဂိတ်(ဆင်ဖြူ)နားမှာ မြန်မာဘက်ခြမ်း ဈေးကော်မတီရုံး တည်ဆောက်တာကို တရုတ်အာဏာပိုင်တွေက ဝင်ရောက် ကျူးကျော်တားမြစ်မှု အောက်တိုဘာ ၁၇ ယနေ့ မနက်ပိုင်း ပြုလုပ်လာတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှုးဘက်လည်း အခုကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကို ကန့်ကွက်စာ ပို့သွားမယ်လို့ သိရပါတယ်။

ရှမ်းမြောက် နယ်နိမိတ်မှာ တရုတ်နိုင်ငံဘက်က မြန်မာဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်လာမှု လပိုင်းအတွင်း ပုံမှန် ဖြစ်နေတာ ဖြစ်ပါတယ်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest