တပ်မ ၆၆ စစ်သားများ မုံးကိုးဒေသ ရွာသားများထံမှ ရိက္ခာ လုယူနေ

တပ်မ ၆၆ စစ်သားများ မုံးကိုးဒေသ ရွာသားများထံမှ ရိက္ခာ လုယူနေ
Share

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း ရောက်ရှိနေသော မြန်မာစစ်တပ် တပ်မ ၆၆ စစ်သားများသည် ၎င်းတို့ ရိက္ခာအတွက် ဒေသခံရွာသားများထံမှ အခကြေးငွေ မပေးဘဲ လုယူနေခြင်းမှာ ယခု တစ်ပတ်ကျော် ရှိလာပြီဖြစ်ကြောင်း ရွာသားများပြောဆိုနေကြပါသည်။

မုံးကိုး နှင့် သံလွင်မြစ်ကြား ဖင်ကျီကြိုင်၊ တာဒွေ စသည့် ကျေးရွာများသို့ စက်တင်ဘာလ ၂၂ ရက်နေ့ အင်အား ၁၀၀ ခန့်ရှိ တပ်မ ၆၆ စစ်ကြောင်း စခန်းချကာ ၎င်းတို့ ရိက္ခာအတွက် ရွာသားများမှ ဆန်၊ ဆား၊ ဆီမှ အစ အိမ်မွေး ကြက်များကိုပါ လုယူ စားသောက်နေသည်ဟု ရွာသားတစ်ဦး ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ဖင်ကျီကြိုင် ဆိုတဲ့ရွာ တာဒွေ ဆိုတဲ့ရွာတွေဆီက သူတို့ (တပ်မ ၆၆) ရှိသမျှ အကုန် တအိမ်လုံးလုံး ၀င်ထွက် လုယူ စားနေတာ…ဆား၊ ငရုပ်ကအစ ဈေးက မ၀ယ်ဘဲ အဲဒီနေရာမှာ လှည့်လည်ပြီးတော့ ရှိတဲ့ ဆန် အနည်းအကျဉ်းက အစ အကုန် လုယူစားနေတာ အဲဒီ့ရွာတွေမှာဖြစ်တယ်။”

ယခုလို မြန်မာအစိုးရ၏ ရွာအတွင်း လှည့်လည် လုယူမှုလုပ်ရပ်ကြောင့် ရွာသားများအတွက် စားဝတ်နေရေး ပူပန်နေရသည်ဟု ကချင်သတင်းဌာန KNG မေးမြန်းသိရသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest