
ဖားကန့်မြို့နယ် မှော်ဝမ်းကလေးကျေးရွာမှ ရာအိမ်မှူးနှင့် ဒု-ရာအိမ်မှူးတို့ ၂ ဦးကို တာဝန်မှ ရပ်ဆိုင်းပေးရန် နှင့် အတူ ပြင်းထန်သော မိုင်းခွဲနေ မှုနှင့်ပတ်သက်ပြီး စီစစ်အရေးယူပေးပါရန် ရပ်မိရပ်ဖ ဒေသခံများအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနသို့ လျှောက်လွှာ ၂ စောင် တင်ခဲ့ကြ သော်လည်း သက်ဆိုင်ရာ အစိုးရဘက်မှ ယနေ့ချိန်ထိ တုံ့ပြန်မှု မရှိသေးကြောင်း ယခုကိစ္စကို ဦးဆောင်နေသူ ဒေသခံ ဦးဇေယျာက ယခုလို ကချင်သတင်းဌာန KNG ကိုပြောသည်။
"သူတို့နှစ်ဦးက ကျေးရွာဖွံ့ဖြိုးရေးတွက်လည်း ဘာမှ လုပ်တာမရှိဘူး။ ကျေးရွာပိုင်မြေတွေကိုလည်း သူတို့ နှစ်ယောက်သဘောအတိုင်း ရောင်းစားတာလား ဘာလားမသိဘူး။ ရပ်မိရပ်ဖတွေကို တိုင်ပင်တာလည်း မရှိဘူး။ ပြီးတော့ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီက ပြင်းထန်တဲ့မိုင်းတွေခွဲနေတဲ့အပေါ်မှာ ကျောက်စိမ်း တူးဖော်ရေး ကမ်းပါးအနီးမှာရှိတဲ့ ဒေသခံတွေတွက် မလိုအပ်တဲ့ အသက်အန္တရယ်တွေ ကျရောက်လာ နိုင်တာလည်း သူတို့ ၂ ယောက် ကတော့ ကုမ္မဏီဘက်ကိုဘဲ ကာကွယ်ပေးနေတယ်။ အဲတာကြောင့် ကျနော်တို့ အနေနဲ့ အထက်လူကြီးတွေ အရေးယူပေးဖို့ စာတင်ခဲ့တာဖြစ်ပါတယ်။”
၎င်းစာတွင် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ၇၀ လက်မှတ်များ ပါဝင်ကြောင်းလည်း သိရသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် ဖားကန့် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်မှ ပြင်းထန်သော မိုင်းခွဲနေမှုနှင့် ပတ်သက်ပြီး လာရောက်စစ်ဆေးခဲ့သော်လည်း ယနေ့ချိန်ထိ တုံ့ပြန်မှု မရှိသေးသောကြောင့် ယခုလိုစာတင်လိုက်ရခြင်းဖြစ်ကြောင်း ဦးဇေယျာ ထံမှ သိရသည်။
Popular
Latest
- Kachin State Govt Permits Gold Mining in Six Townships (News) 21 Feb 2019
- ‘We Cannot Grow Plants on Disposable Stones’: Indigenous Rights Group Forms in Jade-Rich Hpakant (News) 20 Feb 2019
- Meeting Between Burma Govt, Northern Alliance Postponed (News) 19 Feb 2019
- Dead Fish Raise Concerns of Contaminated Water in Waingmaw (KNG TV) 19 Feb 2019
- Dead Fish Raise Concerns of Contaminated Water in Waingmaw (News) 19 Feb 2019