နိုင်ငံဂုဏ်ဆောင် ကချင် ကာရာတေး အဖွဲ့ကို ဆုချီးမြင့်

စက်တင်ဘာ ၂၄၊ ၂၀၁၈ နိုင်ငံဂုဏ်ဆောင် ကချင် ကာရာတေး အဖွဲ့ကို ဆုချီးမြင့် ဆုတောင်းပွဲ၊ မဂျွယ်ခန်းမ၊ မြစ်ကြီးနားမြို့
Share

စင်တင်ဘာ ၈ ရက်နေ့ စကာင်္ပူ နိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ Kyokoshin ကာရာတေး ဖိတ်ခေါ် ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကချင်ပြည်နယ်မှ လူငယ်များကို ယနေ့ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ကချင်အဖွဲ့အစည်းများ အထူးဆုချီးမြင့်ပေးခြင်း ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံမှ ၁၈ ဦးသွားရောက် ယှဉ်ပြိုင်ရာ ကချင်ပြည်နယ်မှ ၁၅ ဦး ပါဝင်ပြီး ၈ ဦး မှာ ဆုတံဆိပ် အသီးသီး ရရှိခဲ့သည်။ ၄င်းဆုတံဆိပ်များမှာ ချန်ပီယံ ရွှေတံဆိပ် ၄ ဆု၊ ငွေ တံဆိပ် ၂ ဆု နှင့် ကြေး တံဆိပ်၂ ဆု ရရှိခဲ့ကြသည်။

ယနေ့ဆုပေးပွဲတွင် ချန်ပီယံဆုရရှိသူများကိုကျပ် ၇ သိန်း၊ ငွေတံဆိပ်ဆုကျပ် ၅ သိန်း၊ ကြေးတံဆိပ်ကျပ် ၃ သိန်း နှင့် ပါဝင်ယှဉ်ပြိုင်သူများကို တစ်ဦးလျှင် ကျပ် ၁ သိန်းခွဲ စီ ချီးမြင့်ခဲ့သည်။

kyokoshin-kachin-karate-team-awarded-in-Myitkyina.jpg

ချန်ပီယံဆုရှင်ဖြစ်သော စစ်ရှောင်စခန်းမှ Shd. Ja La (မောင်ဂျာလ) နှင့် Shy. Seng Nu (မ ဆိုင်းနူး) တို့အား ကချင်အနုပညာရှင်များ ကူညီရေး အသင်း Shingni Nbat အဖွဲ့မှ နှစ်ယောက်ပေါင်း ကျပ် ၁၃ သိန်း ချီးမြင့်ခဲ့ပြီး၊ Mali Ingra စေတနာ့ ဝန်ထမ်း အဖွဲ့မှလည်း ၈ သိန်း ချီးမြင့်ခဲ့ပါသည်။

ယခုလိုဆုချီးမြင့်ပွဲပြုလုပ်ရခြင်းမှာ လူငယ်များ မူးယစ်ကင်းစင်ပြီး အားကစားမှာ ကမ္ဘာ့ အဆင့်ထိ ထိုးပေါက် အောင်မြင်သည့် သူများ ဖြစ်ချင်စိတ်၊ ကြိုးစားချင် စိတ်တွေ ပေါ်ပေါက် လာပြီး အားလုံး အတုယူစရာ ဖြစ်အောင် ရည်ရွယ်ပြီး ဆုချီးမြင့် ရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဆုချီးမြင့် အခမ်းအနားတွင် မြန်မာနိုင်ငံ Kyokoshin ကာရာတေး အဖွဲ့ ဥက္ကဌ ဦးမင်းလွင် လည်း ပါဝင် တက်ရောက် ချီးမြင့် ခဲ့သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest