အစိုးရတပ် နှင့် မြောက်ပိုင်းမဟာမိတ် ယနေ့ ဆက်လက် တိုက်ပွဲ ဖြစ်ပွား

ရှမ်းမြောက် မုန်းကိုး ဒေသ KIA တပ်မဟာ (၆) စစ်သား ၁ဦး

မြန်မာအစိုးရတပ် နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ ကြား မူဆယ်မြို့နယ် Nam Um (နမ်အွမ်) ကျေးရွာအနီး သြဂုတ် (၃၀)၊ ယနေ့ ဆက်လက် တိုက်ပွဲ ပြန်ဖြစ်ပွားနေကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။

ယမန်နေ့တွင်လည်း ထိုနေရာတွင်ပင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့ တိုက်ပွဲသည် မွန်းလွဲ (၂)နာရီမှ စတင်သည်ဟု Nam Um ရွာသားများ ဆိုသည်။

လက်နက်ကြီး ပစ်ခတ်သံများကိုလည်း Nam Um ကျေးရွာမှ ကြားနေရကြောင်း ရွာသားများ ပြောပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest