မြစ်ကြီးနား ရပ်ကွက်အချို့တွင် လျှပ်စစ်မီး မကြာခဏ ပျက်

သြဂုတ် ၁၆ နေ့ည မြစ်ကြီးနား အင်ဂျန်ဒုံရပ်ကွက်တွင် လျှပ်စစ်ရှော့ခ် ဖြစ်ပွား
Share

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ ရပ်ကွက် အချို့တွင် ယခု ရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်မှု မကြာခဏ ဖြစ်ပွားနေပါသည်။

မလိဓါတ်အားလှိုင်းမှ မီးကြိုးများ ရှော့ခ် ဖြစ်နေသောကြောင့် ဖြစ်သည်ဟု ဘူးဂါးကုမ္ပဏီ မှ မန်နေဂျာ ဦးလအောင် ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“မလိ ကနေ မြစ်ကြီးနား ကိုပေးထားတဲ့ လမ်းပိုင်းမှာ မီးကြိုး ရှော့ခ် ဖြစ်လို့ မီးလုံလောက်အောင် မပေးနိုင်သေးဘူး။ ရှော့ခ် ဖြစ်တဲ့ နေရာကို ကျနော်တို့ ရှာလို့တွေ့ထားပြီ။ ၂ ရက် ၃ ရက်ဆိုရင် ပုံမှန်အတိုင်း မီးပြန်ရတော့မှာပါ။”

ထို့အပြင် တပ်ကုန်းရပ်ကွက်ဘက် မီးပြတ်နေသည်မှာလည်း မီးကြိုးများ လှဲလှယ်နေသည့်အတွက်ကြောင့် ဟု သူက ဆိုပါသည်။

ယခု ရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ မီးပြတ်မှုများကြောင့် လူမှုကွန်ရက်စာမျက်နာများတွင် ဘူးဂါးလျှပ်စစ် ကုမ္ပဏီကို အမျိုးမျိုးဝေဖန် သုံးသပ်မှုများလည်း တွေ့နေရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest