Mytel ဖုန်းကြိုး နှင့် လျှပ်စစ်မီးကြိုး လျှော့ဖြစ်ပြီး နေအိမ် ၁၀၀ ကျော်မှ မိန်းဘုတ်များ လောင်ကျွမ်း

သြဂုတ် (၁၆) နေ့ည Mytel ဖုန်းကြိုးနဲ့ လျှပ်စစ်မီးကြိုး ထိမိကာ လျှော့ဖြစ်ပြီး အင်ဂျန်ဒုံ နှစ်ခြင်းခရစ်ယာန်မှ မိန်းဘုတ်ခုံများ လောင်ကျွမ်းနေပုံ

Mytel ဖုန်းဆက်သွယ်ရေး ကြိုးနှင့် လျှပ်စစ်မီးကြိုး ထိမိကာ လျှော့ဖြစ်ပြီး မြစ်ကြီးနားမြို့ အင်ဂျန်ဒုံ ရပ်ကွက်ရှိ အိမ်ခြေ ၁၀၀ ကျော်၏ မီးထိန်း မိန်းဘုတ်ခုံများ လောင်ကျွမ်းမှု သြဂုတ်လ ၁၆ ရက်နေ့ ည ၉ နာရီ ကျော်တွင် ဖြစ်ပွားခဲ့ပါသည်။

Mytel ကုမ္ပဏီ၏ ဖုန်းလိုင်း ကြိုးဆွဲထားသည်မှာ ဘူးဂါး လျှပ်စစ်မီးကြိုးများနှင့် အလွန်နီးကပ် နေသဖြင့် ဝါယာလျှော့ဖြစ်ကာ လောင်ကျွမ်းသွားခဲ့ကြောင်း ကို အင်ဂျန်ဒုံ အုပ်ချုပ်ရေးမှု ဦး ဘောက်နော် က ကချင်သတင်းဌာန KNG ယခုလို ပြောပါသည်။

“အခုလောင်ကျွမ်းသွားခဲ့တဲ့ Transformer ကို အမှီပြုတဲ့ မီတာဘောက်က အလုံး ၂၀၀ လောက်ရှိတယ်။ ခုလောင်သွားတာတော့ ၁၀၀ ကျော် လောက်ရှိမယ်။ အဲ့ဒီညက အိမ်ထဲက ပန်ကာတွေ၊ ရေခဲသေတ္တတွေ ပါ အကုန်လောင်သွားတယ်တဲ့။”

ဘူးဂါး လျှပ်စစ်ကုမ္မဏီမှလည်း လောင်ကျွမ်းသွားမှုကို လိုက်လံ ပြုပြင်နေကြောင်း ပြောပါသည်။

ယခုချိန် ပျက်စီးမှုများကို ပြုပြင်နေချိန် ဖြစ်သောကြောင့် မီးပြန်လည် ရရှိရန် (၃)ရက်ခန့် ထပ်မံ စောင့်ဆိုင်းပေးကြရန် ဘူးဂါး လျှပ်စစ် ဓါတ်အားပေး ကုမ္မဏီ မှ ဦးလှအောင် ပြောပါသည်။

လောင်ကျွမ်းပျက်စီးမှုတွင် ဆုံးရှုံးမှုများ အား တာဝန်ယူ ဖြေရှင်း ပေးရန် Mytel ဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ တာရှိသူများနှင့် ဆွေးနွေးတိုင်ပင်နေကြောင်း ဘူးဂါး လျှပ်စစ်အားပေး ကုမ္ပဏီမှ ဦး La Awng က ကချင်သတင်းဌာန KNG ကို ပြောသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest