ငွေပျော်စံပြ စစ်ရှောင်ရွာအတွက် သင်္ချုံင်း သတ်မှတ်ပေးရန် အစိုးရ ကတိပြု

မြစ်ကြီးနား မြို့ပြင် ငွေပျော်စံပြ စစ်ရှောင်ရွာမှာ သင်္ချုံင်းမြေ မရှိသေးတဲ့အတွက် လူသေလျှင် ရွာအနီး လွတ်တဲ့နေရာမှာ ဖြစ်သလို မြေမြှုပ်နှံရပါတယ်
Share

မြစ်ကြီးနား မြို့ပြင် အစိုးရမှ နေရာချထားပေးသော ငွေပျော်စံပြ စစ်ရှောင်ရွာတွင် သင်္ချုံင်း မြေနေရာ လိုအပ်နေကြောင်းကို ကချင်သတင်းဌာန KNG တွင် ဖော်ပြလိုက်ပြီးနောက် အစိုးရမှ မြေနေရာ သတ်မှတ်ပေးမည်ဟု ပြောဆိုလာသည်။

ဇူလိုင်လ (၂၀)ရက်နေ့ က ကချင်ပြည်နယ် အစိုးရအဖွဲ့များ မြေနေရာကို လာရောက် ကြည့်ရှု့ကာ ရွာအတွက် သုဿန်မြေ သတ်မှတ်ပေးမည်ဟု နှုတ်ကတိ ပေးသွားခဲ့ကြောင်း စစ်ရှောင်ရွာသား ဦး Gam Hpung ပြောပါသည်။

“ကျွန်တော်တို့ ငွေပျော် ရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ အင်ခိုင်ဘွမ် တောင်ခြေ မှာ နေရာချပေးဖို့ ရွာကလူကြီးတွေနဲ့ ရာအိမ်မှုးတို့ သွားရောက် ကြည့်ခဲ့ပါပြီ။”

ကချင်စစ်ပြေးဒုက္ခသည်များ ကို Ngwipyaw Sanpya (ငွေပျော်စံပြ) ကျေးရွာတွင် ၂၀၁၃ ခုနှစ် အစိုးရမှ နေရာချပေးခဲ့စဉ် သင်္ချုံင်းမြေနေရာ မရှိသောကြောင့် လူသေဆုံးလျှင် အဆင်ပြေသည့် နေရာများတွင်သာ မြှုပ်နှံခဲ့ကြရခြင်း ဖြစ်ပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE