ငှက်ပျော ကုမ္ပဏီ ကန့်ကွက်တဲ့ ဒေသခံတွေ တန်ပြန် တရားစွဲ ခံရ

မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာများတွင် တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးရန် ပြင်ဆင်နေတဲ့ င်တွေကို မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီ၊ ၀ိုင်းမော်မြို့နယ်
Share

တရုတ်သစ်သျှူးငှက်ပျောစိုက်ပျိုးမှုကို ကန့်ကွက်တဲ့ ဝိုင်းမော် မုတ်ကျိတ် ဒေသခံ (၇)ဦးကို ကုမ္ပဏီ က တရားစွပ်စွဲထားခြင်း ဇူလိုင် (၂၃)ရက်နေ့ မြို့နယ် တရားရုံးမှာ စတင် တရားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အခုအမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေကို မြို့နယ် ရဲစခန်းက ဧပြီလ (၂၅)ရက်နေ့ ခေါ်ယူ စစ်မေးခဲ့ပြီဖြစ်ပေမယ့် အခုပတ် တနလာင်္နေ့ ရုံးချိန်းမှသာ အာမခံ လျှောက်ယူပြီး ရရှိခဲ့တာဖြစ်ပါတယ်။

၂ လ ကျော်ကြာ တစ်စုံတရာ ခေါ်ယူစစ်ဆေးခြင်းမရှိဘဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ငှက်ပျော စိုက်ဖို့ဆန့်ကျင်ခဲ့တဲ့ ဒေသခံ ခေါင်းဆောင်တွေကို မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီက တရားဥပဒေ ပုဒ်မ (၄၂၇) ဖြင့် တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံရသူ တစ်ဦး ဆရာ Dau Ze က အခုလို ပြောပါတယ်။
Planned Chinese banana field in Muk Chyik.jpeg
မုတ်ကျိတ်၊ နန့်ဝါ ငှက်ပျောခြံ မြေပုံ

“အဓိက တရားစွဲတာက သူတို့ လုပ်မယ့် ကိစ္စ မဖြစ်အောင် ကျနော်တို့က ဦးဆောင်ပြီး ဒေသခံတွေနဲ့ တားဆီး ပိတ်ပင်လို့ဘဲ ဖြစ်မှာပါ။ တခြား ဘာမှ အမှားလုပ်တာမှ မရှိတာ။”

တရားစွဲခံရသူတွေကတော့ Muk Chyik (မုတ်ကျိတ်) ဒေသခံ ဆရာလနောလွမ်းဒေါင် (Sr. Lanaw Lum Dau)၊ ဦး နောင်းဝေ (Slg. Nawng We)၊ ဦးဒိုင်ခေါင် (Slg. Dai Hkawng)၊ ဒေါ်လေးခက်အေး (Jan. Le Hket E)၊ ဦး ယိန်းကိ (Slg. Galau Ying Ki)၊ ဆရာဒေါင်ဇေ (Sara Dau Ze) နဲ့ ဦးယော်ချိန်းဇေး (Slg. Yaw Chyang Tse) တို့ ဖြစ်ပါတယ်။
Chinse banana pups at Muk Chyik.jpeg
မုတ်ကျိတ်၊ နန့်ဝါ ငှက်ပျောခြံအတွက် ငှက်ပြောပျိုးပင်များကို မြင်ရပုံ

ဒေသခံ အားလုံး သဘောတူညီမှုနဲ့ ခေါင်းဆောင် တွေကို ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

တရားစွဲဆို ခံထားရသူတွေရဲ့ ပြောဆိုချက်အရ ငှက်ပျော ကုမ္ပဏီရဲ့ နောက်ကွယ်မှာ အင်အားကြီး အုပ်စု အမြောက်အများ ရှိနေတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်တရားရုံးက သြဂုတ်လ (၆)ရက်နေ့မှာ ရုံးချိန်းအဖြစ် ထပ်မံ ချိန်းဆို ထားတယ်လို့ သိရပါတယ်။



KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest