ဖားကန့် မြေပြိုမှု ဆယ်ရက်အတွင်း ထပ်မံ ဖြစ်ပွား

ဇူလိုင် ၂၄၊ ၂၀၁၈ မနက်ပိုင်း ဖားကန့် မက်လင်ချောင်မှော်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့
Share

ဖားကန့် ဆန်ခါမှော်တွင် ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဆယ်ရက်အကြာ ယနေ့ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်း ၅နာရီခန့်က မက်လင်ဂျောင် ဟုန်ပန်းလုပ်ကွက်မှာ မြေပြိုကျမှု ထပ်မံ ဖြစ်ပွားခဲ့သည်။

ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ရပြီး ကျောက်တူးဖော်သူ (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ဒေသခံများ နှင့် ကိုယ်တိုင်မြင်တွေ့ရသူများ ဆိုသည်။

ယနေ့ နေ့လည်ပိုင်းအထိ မြေပြိုကျသည့်နေရာသို့ ကယ်ဆယ်ရေးလုပ်ခြင်း မတွေ့ရသေးကြောင်းကို ကချင်သတင်းဌာန KNG က မေးမြန်းသိရသည်။

ဇူလိုင် (၁၄)ရက်နေ့ ဆန်ခါမှော် ကမ်းပါးပြိုကျမှုတွင် လူ (၂၀) သေဆုံးခဲ့ရပြီး (၆၄)ဦး ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

၎င်း မြေပြိုကျမှုကြောင့် မြေမြှုပ်ခံရသူ စုစုပေါင်း (၁၀၀)ကျော်ထိ ရှိနိုင်သည်ဟု ဆိုသော်လည်း မိုး နှင့် ကယ်ဆယ်ရေး အထောက်အကူပြု စက်ယန္တရားများ မလုံလောက်ဟု ဆိုကာ ကယ်ဆယ်ရေး လုပ်ငန်းကို အစောပိုင်းကတည်းက ရပ်ထားလိုက်သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest