လူ ၂ ဦး သတ်ဖြတ်ပြီး ၅ ဦးကို ထိခိုက်သော ဆင်ကို KIA စစ်သားများ ပစ်သတ်

လူ ၂ဦးသတ်ပြီး ၅ဦး ထိခိုက်တဲ့ ဆင်ကို KIA စစ်သားများ ပစ်သတ်၊ ဇူလိုင် ၁၆၊ ၂၀၁၈
Share

ဆင်ထိန်း အပါအဝင် လူ (၂)ဦးကို သတ်ဖြတ်ပြီး အခြား (၅)ဦးကို ဒဏ်ရာရရှိစေသည့် ဆင်ထီး တစ်ကောင် ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်တပ်သားများ ပစ်သတ် ဟန့်တားခဲ့သည်။

အဆိုပါ အဖြစ်အပျက်သည် မြစ်ကြီးနား-ဗန်းမော်လမ်း နမ်ဆန်ယန်မှ လိုင်ဇာ အ၀င် မိုင်ဆပ်ပါ မှာ ဇူလိုင် (၁၆)၊ ယမန်နေ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရှိသူ အများစုသည် တရုတ်ငှက်ပျောခြံ အလုပ်သမားများ ဖြစ်ကြပြီး ၎င်းတို့ကို လိုင်ဇာဆေးရုံ နှင့် တရုတ်ဘက်ခြမ်း ရင်ကျန်းဆေးရုံ ကို တင်ထားရသည်ဟု လိုင်ဇာ ဒေသခံများ ပြောသည်။

KIA အရာရှိ တစ်ဦးပိုင် ၎င်းဆင်သည် ယခင်ကလည်း မုန်ထလာချိန် ကြောက်စရာ ကောင်းလောက်အောင် သောင်းကျန်းလျှက်ရှိကြောင်း မေးမြန်းသိရသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest