ပယင်းမှော်တွင် မြန်မာအစိုးရတပ် နှင့် KIA တပ်ရင်း (၁၄) တိုက်ပွဲဖြစ်

ဇွန်လက ဖားကန့်လမ်း ကားမိုင်းမြို့ ပတ်ဝန်းကျင်မှာ မြင်ရတဲ့ မြန်မာအစိုးရ စစ်သား တစ်ဦး

ပြည်ထောင်စု ငြိမ်းချမ်းရေး (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး စတင်ရန် ရက်ပိုင်း အလို ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၄) နယ်မြေကို မြန်မာ အစိုးရတပ်များ အင်အားတိုးချဲ့ လှုပ်ရှားလာသောကြောင့် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရပါသည်။

ဇူလိုင်လ (၈)ရက်နေ့မှ KIA တပ်မဟာ (၂) လက်အောက် ပယင်းမှော်ရှိ တပ်ရင်း (၁၄) ဌာနချုပ်သွားလမ်း တစ်နေရာတွင် နှစ်ဖက်တပ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု လိုင်ဇာမြို့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူုးကြီး နော်ဘူ ယခုလို ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။

“အားလုံးကြားသိကြတဲ့ အတိုင်းဘဲ ဇူလိုင်လ (၈)ရက် နေ့က တနိုင်းမြို့ KIA တပ်မဟာ (၂)ဘက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တယ်။”

ထို့အပြင် ဇူလိုင် ၉ ရက်နေ့ ကားမိုင်းတွင် ရောက်ရှိနေသော အစိုးရတပ် စစ်ကား (၁၆)စီး သည် KIA တပ်မဟာ (၉) ဖားကန့်ဘက်ကို စစ်အင်အား တိုးချဲ့ရန် ဦးတည်သွားသောကြောင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောပါသည်။

ကချင်ပြည်နယ် အရှေ့ဘက် ချီဖွေမြို့နယ် KIA တပ်ရင်း (၁၀) နယ်မြေဘက်ကိုလည်း မြန်မာအစိုးရ စစ်ကြောင်းများ တက်လာနေသောကြောင့် တိုက်ပွဲ ဖြစ်လာနိုင်သည်ဟု ဒေသခံများ ဆိုသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest