
ကယား (ကရင်နီ) ပြည်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ထားရှိခြင်းကို ပြည်သူများ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းအား အစိုးရ အာဏာပိုင်များ အကြမ်းဖက်ဖြိုခွင်းခြင်းပေါ် ကချင်တက္ကသိုလ် ကျောင်းသားများ နှင့် လူငယ်အဖွဲ့အစည်းများ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
ပြည်တွင်းရှိ ကချင်ကျောင်းသား လူငယ် အဖွဲ့အစည်း (၄)ဖွဲ့နှင့် JLH ခေါ် ကချင်စာပေနှင့် ယဉ်ကျေးမှုဖက်ဒရေးရှင်း - တက္ကသိုလ်များ (၇)ဖွဲ့ တို့ စုပေါင်းပြီး ဇူလိုင် (၄)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။
ဇူလိုင် (၃)ရက်နေ့ လက်နက်မဲ့ ကရင်နီ ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို အစိုးရမှ အကြမ်းဖက် ဖြိုခွင်းခြင်းသည် နိုင်ငံတော်အစိုးရပေါ် ယုံကြည်မှု ပျက်ပြားစေသည် ဟု ကချင်လူငယ်သမဂ္ဂ AKYU မှ ကို လွမ်းဇောင်း ယခုလို ပြောသည်။
“အခြေခံအားဖြင့် ဌာနေ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ ဘယ်အရာမှ လုပ်ဆောင်သွားလို့မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကို တိုင်းနဲ့ ပြည်နယ် တွေမှာ အတင်းထားရှိလာမယ့် စီမံကိန်းက ပြည်ထောင်စုကို အတူတကွကြိုးပမ်ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်။ ဒါကြောင့် လက်နက် မပါလွတ်လပ်စွာဆန္ဒဖော်ထုတ် တဲ့ ပြည်သူတွေကိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေက နိုင်ငံတော်အစိုးရကို ယုံကြည်မူပျက်စီးစေ တယ်။”
ထို့အပြင် ဒေသခံပြည်သူတို့ ၏ သဘောဆန္ဒကို မျက်ကွယ်ပြုပြီး အာဏာသုံး ဖြေရှင်းသော လုပ်ရပ်သည် လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ဖြစ်စဉ်အား ကြီးစွာ အဟန့်အတား ဖြစ်စေသည် ဟု ဆက်ဆိုသည်။
တိုင်းရင်းသားများ၏ ပြဿနာကို အချင်းအချင်း နားလည်သော သဘောဖြင့် ကချင်လူငယ်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်ကို ဝမ်းသာပီတိဖြစ်ရပါကြောင်း ကရင်နီ ဆန္ဒဖော်ထုတ်မှု ဦးဆောင်သူ ဆရာဒီဒီး က ပြောသည်။
Popular
Latest
- Kachin State Govt Permits Gold Mining in Six Townships (News) 21 Feb 2019
- ‘We Cannot Grow Plants on Disposable Stones’: Indigenous Rights Group Forms in Jade-Rich Hpakant (News) 20 Feb 2019
- Meeting Between Burma Govt, Northern Alliance Postponed (News) 19 Feb 2019
- Dead Fish Raise Concerns of Contaminated Water in Waingmaw (KNG TV) 19 Feb 2019
- Dead Fish Raise Concerns of Contaminated Water in Waingmaw (News) 19 Feb 2019