၂၁ ရာစု ပင်လုံ မတိုင်မီ ကချင်ပြည်နယ်ကို မြန်မာအစိုးရ စစ်အင်အား ဖြည့်တင်း လာ

၂၁ ရာစု ပင်လုံ မတိုင်မီ ကချင်ပြည်နယ်ကို မြန်မာအစိုးရ စစ်အင်အား ဖြည့်တင်း လာ
Share

ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁)ရာစု တတိယအစည်းအဝေး ကျင်းပရန် (၁)ပတ်အလို မြန်မာအစိုးရတပ်များ ကချင်ပြည်နယ်ကို တဖန် စစ်အင်အား ဖြည့်တင်းလာနေပါသည်။

ယမန်နေ့ ဇူလိုင်လ (၄)ရက် မွန်းလွဲပိုင်းက မြန်မာစစ်တပ် အင်အားအပြည့် တင်ဆောင်ထားသော စစ်ကား (၁၀)စီး ကျော်သည် မြစ်ကြီးနား ဗလမင်းထင် ဧရာဝတီမြစ် တံတားကို ဖြတ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်များ တည်ရှိသည့် ဝိုင်းမော်မြို့နယ်ကို ဦးတည်သွားကြောင်း မျက်မြင်ဒေသခံများ ပြောသည်။

နေပြည်တော်တွင် ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်နေသည့်ကာလ တပ်မတော် လုပ်လေ့လုပ်ထရှိသော တိုင်းရင်းသားဒေသ ထိုးစစ် မပြုလုပ်ရန် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ UNFDP က ဇွန်လ (၂၇)ရက်နေ့ သဘောထား ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးခွင့် မရှိသော်လည်း တရုတ်ဖိအားကြောင့် (၂၁)ရာစု တတိယအစည်းအဝေး ကို KIO တက်ရောက်ရမှာ ဖြစ်ကြောင်းကို KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က လွန်ခဲ့သောအပတ် ၎င်းထိန်းချုပ်သော မိုင်ဂျာယန်မြို့ အဖွဲ့တွင်း အစည်းအဝေးတခုတွင် ပြောခဲ့သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest