မြောက်ပိုင်း U.S.A Lum Tu ဖုန်းဆိုင်မှ ဖုန်းလိမ်လည် ခိုးပြေးမှု ဖြစ်ပွား

ဖုန်းသူခိုးကို CCTV မှာ မြင်ရပုံ

မြစ်ကြီးနားမြို့ တပ်ကုန်း ဆွမ်ပရာဘွမ်လမ်းမကြီး တွင် ဖွင့်လှစ်ထားသော မြောက်ပိုင်း U.S.A Lum Tu ဖုန်းဆိုင်တွင် အမျိုးသားတစ်ဦး ဖုန်းဝယ်မည်ဟုဆိုကာ ပိုက်ဆံမပေးဘဲ ယူပြီး ထွက်ပြေးသွားမှု ဇွန် (၂၆)၊ ယမန်နေ့ ညနေပိုင်း ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖုန်းသူခိုးက City Park Royal စားသောက်ဆိုင်မှ မန်နေဂျာဖြစ်သည်ဟု မိမိကိုယ်ကို ပြောဆိုကာ ရေခဲသေတ္တာ၊ TV စသော ပစ္စည်းများကို စားသောက်ဆိုင်ရောက်မှသာ ပိုက်ဆံ ရှင်းမည် ဟု ပြောပြီး သုံးဘီးကားပေါ် တင်စေပြီး Huawei Nova 3e ကိုလည်း ယူမည်ဟု ပြောပြီး ထွက်သွားကြောင်း ဆိုင်ပိုင်ရှင် ဦး Lum Tu က ပြောပါသည်။

သုံးဘီးကား ရှေ့မှ ဆိုင်ကယ်ဖြင့် သွားမည်ဟုပြောပြီး ဆိုင်ရှေ့အထွက်တွင် ဖုန်းယူပြီး ထွက်ပြေးသွားသည်ဟု သူက ဆက်ပြောပါသည်။

လိမ်လည် ယူဆောင်သွားသည့် ဖုန်းသည် ကာလာတန်ဖိုး ကျပ် ၃၃၉၀၀၀ ရှိကြောင်း သိရသည်။

ထို့နောက် ဦး Lum Tu သည် ရဲစခန်းတွင် ယမန်နေ့ ညနေပင် တိုင်ချက်ဖွင့်ခဲ့ပြီး City Park Royal ကို သွားရောက်စုံစမ်းခဲ့သော်လည်း အဆိုပါ လိမ်လည်သွားသော သူသည် မန်နေဂျာ မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဖုန်းလိမ်လည်သွားသောသူ၏ ရုပ်ပုံကို CCTV မှတဆင့် ရယူကာ ဦး Lum Tu က သူ၏ facebook တွင် မျှဝေထားပြီး ဆိုင်ဖွင့်ထားသူများအနေဖြင့် သတိထားရန် အသိပေးထားသည်ကို တွေ့ရသည်။

လုံခြုံရေးကင်မရာ မှတ်တမ်းပုံအရ ဖုန်းလိမ်လည်ခိုးပြေးသူသည် အင်္ကျီ အနက်ရောင် ၀တ်ဆင်ထားပြီး ဆိုင်ကယ် ဦးထုပ် ရှာထိုးဆောင်းထားကာ၊ ဝဝ တုတ်တုတ်၊ အသားဖြူဖြူ လူလတ်ပိုင်း ဖြစ်သည်ကို တွေ့ရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest