ယုဇန မြေသိမ်းသူ ဒေသခံတောင်သူ (၄)ဦးကို တန်ပြန် တရားစွဲ

လီဒိုလမ်းမ ပေါ် ယုဇန ကုမ္ပဏီ ဂိတ်
Share

ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ Nawng Mi (နှောင်းမှီ) ကျေးရွာ ဒေသခံ တောင်သူ (၄)ဦး ကို မြေလွတ်မြေလပ် ဥပဒေဖြင့် ယုဇနကုပ္ပဏီမှ တန်ပြန် တရား စွဲဆို ထားမှု ဇွန်လ (၁၈) ရက်နေ့တွင် ရုံးချိန်း (၁၀)ကြိမ် အထိရှိပြီ ဖြစ်ပြီး ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

မတ် (၁၁)ရက်နေ့တွင် ကုမ္ပဏီ မန်နေဂျာ ဦးအေးဝင်း တရားလိုပြုလုပ်ကာ မြေလွတ်မြေလပ် ဥပဒေ ပုဒ်မ (၂၇)ဖြင့် ဒေသခံ တောင်သူ (၄)ဦး ကို တရားစွဲဆိုထားပြီး စွပ်စွဲခံရသူများအား တရားရုံးကို ရောက်မလာလျှင် ငွေဒဏ် ကျပ် သိန်း (၃၀) ပေးဆောင်ရမည်ဟု ကုမ္ပဏီဘက်မှ ဆိုသောကြောင့် အပတ်စဉ် ဖားကန့် တရားရုံးသို့ သွားရောက်တရားရင်ဆိုင်နေရကြောင်းကို စွပ်စွဲခံရသူ Slg. Seng Li (ဦးဆိုင်းလီ) ဆိုသည်။

“အခုတရား စွပ်စွဲခံရတာ က ယုဇနကုမ္မဏီရဲ့ ကြံခင်း ဧက၂၀၀၀ ကျော်ကို ပျက်စီးစေတယ်ဆိုပြီး တရားစွဲတာ။ ဒီနေရာတွေက မူလ ကျွန်တော်တို့ ရဲ့လယ်ယာ တွေပါ။ သူတို့ က မတရားသိမ်းသွားပြီး မတရားလုပ်ငန်းတွေ ဝင်လုပ်ထားတယ်။ ဒါကြောင့် အခုလိုဖြစ်နေရတာပါ။ ဒီနေရာတွေဟာ ဘိုးဘွားပိုင်မြေယာဖြစ်တယ်။”

အဆိုပါ မြေယာများသည် ‘မြေလွတ်မြေလပ်’ မဟုတ်ကြောင်း နှင့် ယုဇနကုမ္မဏီ နှင့်လုံးဝ မသက်ဆိုင်ကြောင်း ကို ၎င်းက ဆက်လက်ပြောသည်။

၂၀၀၆ မြန်မာစစ်အစိုးရက ဟူးကောင်းဒေသရှိ လယ်ယာမြေ ဧက သိန်းချီကို ယုဇနကုမ္မဏီအား လုပ်ကိုင်ခွင့် ပေးပြီးနောက် အဆိုပါဒေသများသို့ ‘ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည်’ ဟု ဆိုပြီး စက်ယန္ဒရားများဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယုဇနကုမ္မဏီ ဝင်ရောက်လာပြီး၂၀၀၈ မှစတင်ပြီး ဒေသခံများ၏ မြေယာများကို အုပ်ချူပ်ရေးဆိုင်ရာများနှင့် ပူးပေါင်း ပြီး ‘အစိုးရအမိန့် ’ ဖြစ်သည်ဟု ဆိုကာ လျှော်ကြေး မပေးဘဲ ကုမ္ပဏီမှ သိမ်းယူခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ မတရား သိမ်းပိုက်ခံ လယ်ယာများကို ပြန်လည်ရရှိရန် ဒေသခံ တောင်သူများက အစိုးရကို နည်းလမ်း အမျိုးမျိုးဖြင့် တင်ပြ တောင်းဆိုခဲ့သော်လည်း ယခုချိန်ထိ အောင်မြင်မူမရှိဘဲ ပိုမိုဆိုးရွားလာကြောင်း မြေယာအရေး ကျွမ်းကျင်သူ Srn. Labyawng Bawk Ja (ဒေါ်ဘောက်ဂျာ) ဆိုပါသည်။

“အစိုးရအနေနဲ့ ဒီပြဿနာကို အခုချိန်ထိ ဖြေရှင်းမူ မရှိသေးဘူး။ အစိုးရ နှစ်ခုသာ ပြောင်းသွားတယ်။ ဘာကြောင့် မဖြေရှင်း ပေးတာကို မသိပါဘူး။ အစိုးရသော်လည်ကောင်း၊ သစ်တောဌာနသော်လည်းကောင်း၊ တောင်သူတွေရဲ့ မြေယာ တွေကို အမြန်ဆုံး တာဝန်ယူဆောင်ရွက်ဖြေရှင်းပေးသင့်တယ်။”

ထို့အပြင် ဒေသခံ တောင်သူ (၄)ဦး အား မြေလွတ်မြေလပ် ဥပဒေ ပုဒ်မ (၂၇)ဖြင့် စွတ်စွဲခြင်းသည်လည်း ဥပဒေ မမြောက်ကြောင်း ကို Srn. Labyawng Bawk Ja (ဒေါ်ဘောက်ဂျာ) က သုံးသပ်ပြောပါသည်။

“၂၀၀၆ ကစပြီး ယုဇန ကုမ္ပဏီ က တောင်သူတွေရဲ့ လယ်မြေယာကိုသိမ်းယူတယ်။ နောက်ပြီး ၂၀၀၈ အထိကောင်အထည်မဖော်ဘဲ ပစ်ထားတယ်။ တောင်းသူ လယ်ပိုင်ရှင်တွေက အရင်ကတည်း လျှော်ကြေး မရခဲ့တဲ့အတွက်၂၀၀၈ ကစပြီး ဥပဒေ အရ စားဝတ်နေရေးများ အဆင်ပြေစေရန် မိမိလယ်ယာများကို ပြန်လည်လုပ်ငန်းလုပ်ဆောင်ကြတယ်။ နောက်တစ်ကြိမ် ယုဇနကုမ္မဏီ က တောင်သူတွေရဲ့လယ်များကိုထပ်မံသိမ်းယူတယ်။”

ဟူးဟောင့်ချိုင့်ဝှမ်းဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသဖြင့် ပြည်သူများသည် ဝမ်းစာအတွက် လယ်ယာစိုက်ပျိုးခြင်းကိုသာ အဓိက မှီခို လုပ်ကိုင်စားသောက် နေရခြင်းဖြစ်သည်။





KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest