ဖားကန့်လမ်း နန်းယား တိုက်ပွဲတွင် မြန်မာစစ်သား (၃)ဦးကျ၊ (၆)ဦး ထိခိုက်

ဖားကန့်ဘက်မှ ပြန်လာတဲ့ မြန်မာအစိုးရ စစ်ကား ၁စီး ကို Lawa ကျေးရွာအနီး တွေ့ရ
Share

ဇွန် (၁၈) ယမန်နေ့ ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း နန်းယား (Nam Ya) ကျေးရွာ အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်မှုတွင် မြန်မာစစ်သား (၃)ဦး ကျဆုံးပြီး (၆)ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့သည်။

အင်အား (၅၀)ခန့်ရှိ မြန်မာစစ်တပ် ခလရ (၂၉၇) စစ်ကြောင်း ကို နန်းယား (Nam Ya)လမ်း မနော်ပါ (Manaw Pa) လမ်းဆုံမှာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်ဖွဲ့မှ မိုင်း (၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရပ်ကွက်က အတည်ပြုသည်။

KIA တပ်ရင်း (၆) ဘက်မှာ အထိအခိုက် မရှိဟု ဆိုသည်။

အချိန်တို တိုက်ပွဲတွင် နန်းယား (Nam Ya) ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့က အစိုးရတပ်ဘက်မှာ ပူးပေါင်းပါဝင်သည် ဟု KIA သတင်းရပ်ကွက် က ပြောပါသည်။



KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest