နယ်စပ် စစ်ရှောင်စခန်း ထောက်ပံ့မှု အစိုးရ ပိတ်ပင်ခြင်းကို KBC လက် မခံ

Rev. Dr. Samson၊ KBC ဥက္ကဌ
Share

ကချင် လွတ်လပ်ရေး တပ်မတေ် KIA ထိန်းချုပ် နယ်မြေ စစ်ရှောင်စခန်းကို အကူအညီပေး သွားရောက်မှု လုံးဝ မပြုလုပ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သတိပေးချက်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ လက် မခံ ကန့်ကွက်သွားမည်ဟု ဆိုလိုက်သည်။

KBC အထွေထွေအတွင်းရေးမှူးဟောင်း ယခု ဥက္ကဌ Rev. Dr. Hkalam Samson က “ဟုတ်ပါတယ် ခု ကျနော်တို့ ကလည်း စာပြန်ဖို့ လုပ်နေတယ်။ စာပြန်မှာကတော့ ကျွန်တော်တို့က အဲ့မှာရှိတဲ့ KIA တွေကို သွားကူတာ မဟုတ်ကြောင်းပေါ့။ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေကို သာ သွားထောက်ပံ့တာ ဖြစ်ကြောင်းပေါ့” ဟု ကချင်သတင်းဌာန KNG ကို ပြောသည်။

KBC က ၀ိုင်းမော်မြို့မှ မြန်မာ-တရုတ် နယ်စပ်မှတ်တိုင် (၆)နှင့် (၈) နေရာများရှိ စစ်ရှောင်မိသားစုများ နှင့် တွေ့ဆုံထောက်ပံ့မှု ရှေ့ဆက် မပြုလုပ်ရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး သူရ မျိုးတင်မှ မေလ (၂၁)ရက်နေ့ စာဖြင့် ဝိုင်းမော် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) သိက္ခာတော်ရ ဆရာ ဦးဇော်တူး ကို အကြောင်းကြားခဲ့သည်။

နယ်လုံ ၀န်ကြီး၏ စာတွင် “အဆိုပါ တိုက်ပွဲရှောင်စခန်း တည်ရှိရာ နယ်မြေသည် KIA (ကချင်) အဖွဲ့ နယ်မြေဖြစ်သည့် အတွက် KIA (ကချင်)များလည်း ရှိနေ သဖြင့် မတရားအသင်းအက်ဥပဒေ ပုဒ်မ- ၁၇(၁) နှင့် အရေးယူဆောင်ရွက်နိုင်သည့် ကိစ္စရပ်ဖြစ်၍ နောက်နောင်တွင် လုံးဝသွားရောက်မှု မရှိစေရေး သိရှိလိုက်နာဆောင်ရွက် သွားရန်” ဟု အကြောင်းပြချက် ပေးထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)/ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ် နယ်မြေများသို့ သွားရောက်ကူညီမှုတွင် KBC အဖွဲ့ တစ်ခုတည်းသာ မဟုတ်ဘဲ ဒေသဘာသာရေးနှင့် လူမှုရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အပြင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တို့လည်း ပါကြောင်း Rev. Dr.ှSamson က ဆိုသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest