ပိတ်မိ စစ်ရှောင်များမှ ဧည့်သည် နှင့် ကျောင်းသား ကိုသာ လွှတ်ပေး မည်

ဖားကန့်မြို့နယ် ရွှေမှော်တွေရှိတဲ့ Lai Nawng Hku ဒေသ တိုက်ပွဲအတွင်း တပ်မတော် ရဲ့ တားဆီး ခံနေရတဲ့ ရွာသားတွေ

ဖားကန့်မြို့နယ် ရွှေမှော်များရှိသော Lai Nawng Hku ဒေသ တိုက်ပွဲနယ်မြေအတွင်း ပိတ်ဆို့ ခံနေရသော စစ်ရှောင်ပြည်သူ ၁၆၀ ကျော် အနက် ဧည့်သည်များ နှင့် ကျောင်းသားများကိုသာ လွှတ်ပေးမှာဖြစ်ပြီး ဒေသခံများကို လွှတ်ပေးမည် မဟုတ်ကြောင်း တပ်မတော် တာဝန်ရှိသူများ ပြောဆိုနေသည် ဟု ဆိုပါသည်။

ဒေသခံ မဟုတ်သော ဧည့်သည်များနှင့် ကျောင်းသားများ၏ အမည်စာရင်း၊ အိမ်ထောင်စုစာရင်း၊ နေရပ်လိပ်စာ စသည်တို့ကို စီစစ်ကောက်ခံ ရွေးထုတ်ပြီးမှသာ တစ်ပတ်အတွင်း တပ်မတော်မှ လွှတ်ပေးမည်ဟု ပြောဆိုချက်ကို Kahtan Yang ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တပ်မတော်က ကျောင်းတက်တဲ့ကလေးတွေ၊ ဒေသခံမဟုတ်တဲ့ ဧည်သည့်တွေ အသင်းတော်က စေတနာ့ဝန်ထမ်း ဆရာတွေ အားလုံးရဲ့စာရင်းအတိအကျကို ကောက်ယူပြီး မြို့ နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခိုင်းနေတယ်” ဟု Kahtan Yang ကျေးရွာ အုပ်ချုပ်ရေးမှူးက ကချင်သတင်းဌာန ကို ပြောသည်။

ထို့ကြောင့် စစ်ရှောင်ပြည်သူများ လွတ်မြောက်လာနိုင်ရန် မှာ အလွန်ခက်ခဲသည့် အခြေအနေ တွင်ရှိနေကြောင်း ၎င်းက ဆက်ဆိုသည်။

ထို့အပြင် တနိုင်းမြို့နယ် Awng Lawt တိုက်ပွဲနယ်မြေအတွင်း ပြည်သူများလည်း လုံခြုံရာကို ထွက်မလာနိုင်သေးဘဲ တောတောင်ထဲတွင် ပိတ်မိနေဆဲ ဖြစ်ပါသည်။

ပိတ်ဆို့ ခံ စစ်ရှောင်ပြည်သူများ အမြန်ဆုံး လွတ်မြောက်လာနိုင်ရေးအတွက် ကချင်လူငယ်ထု၏ ဆန္ဒဖော်ထုတ်သည့် အစီစဉ်ကိုလည်း မြစ်ကြီးနားတွင် နည်းလမ်း အမျိုးမျိုးဖြင့် ယခုချိန်ထိ ဆက်လက်ပြုလုပ်နေသည်ကို တွေ့ရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest