မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲတွင် ရွာသား ၁ ဦး သေဆုံး၊ ၁ ဦး ထိခိုက်

ဦးကျော်မြင့်ဦး၊ Dumbung ကျေးရွာသား
Share

ကချင်ပြည်နယ် လီဒိုလမ်းမ နမ္မတီမြို့ အနီး ယနေ့ ဧပြီ ၁၃ နံနက်ပိုင်း ဖြစ်ပွားသော မြန်မာစစ်တပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲတွင် အနီးရှိ ကျေးရွာထဲ လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲမှုကြောင့် ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ခဲ့သည်။

နံနက် ၅ နာရီခန့် Dumbung ကျေးရွာနီး မြန်မာစစ်တပ် ခလရ ၂၉၈ နှင့် KIA တပ်ရင်း (၁၁) ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားစဉ် ၆၀ မမ လက်နက်ကြီး ကျည် တစ်လုံး Dumbung ကျေးရွာထဲပစ်ခတ်ခဲ့ရာ ဦးကျော်မြင့်ဦး နေအိမ်ကို ထိမှန် ပေါက်ကွဲခဲ့ရာ ဦးကျော်မြင့်ဦး သေဆုံးပြီး ဇနီးသည် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ရွာသားများ ဆိုပါသည်။

အစိုးရတပ် ဘက်မှ ပစ်ခတ်မှု ဖြစ်ကြောင်း အင်တာနက် လူမှုရေး ကွန်ယက်များတွင် သတင်း ဖော်ပြကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဧပြီ ၁၁ နေ့က KIO လိုင်ဇာမြို့ ကို မြန်မာစစ်တပ် ၏ လက်နက်ကြီး အနည်းဆုံး နှစ်ကြိမ် ပစ်ခတ်ရာတွင် ငှက်ပျောသီး အထမ်းသမား ၁ ဦး သေဆုံးပြီး အခြား ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

တစ်ရက်ထဲမှာပဲ တနိုင်းမြို့နယ် KIA တပ်မဟာ (၂) ဌာနချုပ် Awng Lawt ကျေးရွာ ကို ပစ်ခတ်ခဲ့ရာ ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ခဲ့သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest