တိုက်ပွဲကြောင့် အင်းတော်ကြီးအိုင် ဒေသ ရွာသား ၂၀၀ ကျော် ထွက်ပြေး


ဖားကန့်မြို့နယ် အင်းတော်ကြီးအိုင် မြောက်ဘက် Lai Nawng Hku ကျေးရွာသား အယောက် ၂၀၀ ကျော် တိုက်ပွဲကြောင့် ချောင်းဝ ဘက်ကို ထွက်ပြေးတိမ်းရှောင်နေပြီး ယခု လမ်းတွင်ရှိနေသေးကြောင်း ဒေသခံ တစ်ဦးမှ သိရပါသည်။

ဧပြီ (၁၁)ရက် တွင် ရွာအတွင်းသို့ မြန်မာစစ်တပ် စကခ-၇ နှင့် တပ်မ (၁၀၁) တို့ ကားအစီး (၃၀) ခန့်  ဝင်ရောက်လာကြောင်း သိရသည်။

ယမနေ့မှ စတင်ပြီး မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခု ချိန်တွင်လည်း Lai Nawng Hku (လိုင်နှောင်ခူး) ကျေးရွာဘက် ဆက်တိုက်ဖြစ်ပွားနေသဖြင့် ယခုလို ထွက်ပြေးနေရကြောင်း ပြောပြပါသည်။

လက်ရှိ ထွက်ပြေးလာသော ဒုက္ခသည်များမှာ လမ်းခရီး တွင် ဖြစ်နေသေးကြောင်း သိရပါသည်။

စစ်ပြေးဒုက္ခသည်များကို ကူညီရန် ချောင်းဝ ရွာလူကြီးများက စောင့်ကြိုပြင်ဆင်နေကြောင်း အမည်မဖော်လိုသူ တစ်ဦး ပြောပြပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest