မြန်မာ စစ်တပ် ဖမ်းဆီးသွားသော Lung Sha Yang ရွာသား ပျောက်ဆုံး နေ

ဖားကန့် ရှေ့တန်းမှ မြန်မာ စစ်သား တစ်ဦး
မြန်မာစစ်တပ် ခြေမြန်တပ်ရင်း (၄၂၃) စစ်သားများ ဖမ်းဆီးခေါ်ဆောင်သွားသော Sumprabum မြို့နယ် Lung Sha Yang ကျေးရွာ မှ ဦး Wadu Hkun Awng ပျောက်ဆုံးနေသည်မှာ ယခု တစ်လ ကျော်လာပြီ ဖြစ်သည်။

ဦး Wadu Hkun Awng အသက် (၃၉) နှစ်ကို မိသားစုဝင်များနှင့် ရွာသားများ အနည်းဆုံး နှစ်ကြိမ် လိုက်ရှာခဲ့ရာ မတွေ့ သောကြောင့် သေပြီဟု မှတ်ယူကာ ရှေ့အပတ် ဧပြီ (၁၃)မှာ ဆုတောင်းပွဲ လုပ်ရန် စီစဉ်နေကြောင်း ဇနီးသည် ဒေါ် Roi Seng ပြောသည်။

ကလေး (၅) ယောက် ဖခင် ဦး Wadu Hkun Awng သည် မတ်လ (၁၀) ရက်နေ့ မိတ်ဆွေ တစ်ဦးအား နေအိမ်မှ Sumpyi Yang ရွာသို့ သွားပို့ပြီး အပြန် Masum Zup ရွာ နှင့် Htang Hka ရွာ ကြားတွင် မြန်မာ စစ်တပ် ခမရ (၄၂၃)  စစ်သားများ ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

"သူ ၂ နာရီ လောက်မှာ ပြန်လာပြီလို့ ပြောတယ်။ သူအဲ့ဒီ Masum Zup ရွာ ရောက်တော့ သူ့ ကို သေနတ်နဲ့ ချိန်ထားပြီး ဆက်မသွားခိုင်းဘူး ဆိုပြီး ရွာက ဆယ်အိမ်မှူး ဆီ ဖုန်း ဆက်လာတယ်။ အဲ့ ဒီနောက်တော့ အဆက်အသွယ် မရ တော့ဘူး” ဟု ဇနီးသည် ပြောပြသည်။

ဦး Wadu Hkun Awng အား ဖမ်းဆီးထားသော နေရာသို့ ရွာသားများ တစ်ကြိမ်လျှင် လူ အယောက် (၂၀)၊ (၅၀) ကျော် ဖြင့် နှစ်ကြိမ် သွားရောက် ရှာဖွေ ခဲ့သော်လည်း မတွေ့ရှိဟု ဆိုသည်။
သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်ရေး တာဝန်ရှိသူများ ကို အကူညီတောင်းခဲ့သော်လည်း အကြောင်း မပြန်ခြင်း နှင့် သတင်းအစအန လုံးဝ မသိရခြင်း တို့ကြောင့် သူ့ကို သေပြီဟု ယူဆကာ ဆုတောင်းပွဲ လုပ်ရန်ပြင်ဆင်ရသည် ဟု လုံခြုံရေးအရ အမည် မဖော်လို သူ ရွာသား တစ်ဦး ပြောသည်။

ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင် ကချင်နှစ်ခြင်းခရစ်ယာန် (KBC) စစ်ရှောင်စခန်း-၁ မှ ဒုက္ခသည် Nhkum Dauje Naw San အသက် (၃၅) နှင့် Hpaugan Yaw အသက် (၆၅) တို့ ကို မြန်မာ စစ်တပ် ခမရ (၃၁၉) စစ်သားများ ဇန်န၀ါရီ (၃၁) နေ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ် မြှပ်နှံထားသော အလောင်းကို မတ် (၈) ရက်နေ့ ရှာဖွေ တွေ့ရှိခဲ့သည်။



KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest