ဖားကန့်လမ်း ရွာသား ၈ ဦး မြန်မာစစ်သားများ၏ ဖမ်းဆီး ခေါ်ဆောင် ခံရ

ဖားကန့်လမ်း ရွာသား ၈ ဦး မြန်မာစစ်သားများ၏ ဖမ်းဆီး ခေါ်ဆောင် ခံရ
ဖားကန့်မြို့နယ် Kahtan Yang ကျေးရွာ လယ်တော တစ်နေရာတွင် အလုပ်လုပ် နေထိုင်သော အရပ်သား ၈ ဦးကို ဧပြီလ ၉ ရက်နေ့ မနက်က မြန်မာစစ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရပါသည်။
 
ယင်းလယ်တောထဲတွင် စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်နေသော တောင်သူ ၈ ဦးကို စစ်သားများ အကြောင်းပြချက် တစ်စုံတစ်ရာမှ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံ တစ်ဦး ယခုလိုပြောပါသည်။
 
“ဖမ်းဆီးခံရသူတွေက အရပ်သားပြည်သူတွေပါ။ ကိုယ့် လယ်တောမှာ နွားကျောင်း၊ ဝက်မွေးမြူရင်း စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတာ ဖြစ်တယ်။ စစ်သားတွေက လက်နက်ကြီးတွေနဲ့ အင်အားကြီးတယ်။ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ ၈ ယောက်ဆိုတော့ သူတို့ မိသားစုတွေ အခုချိန်မှာ စိုးရိမ်မှုတွေ ဖြစ်နေပါတယ်” ဟု အဆိုပါ အမည် မဖော်လိုသူ ရွာသား ပြောပါသည်။
 
Sumprabum ပေါ်ရှိ ရွာသား များမှာလည်း ရက်ပွဲအတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တင်းမာလာသော စစ်ရေးအခြေအနေကြောင့် စိုးရိမ်မှုရှိနေကြောင်း သိရပါသည်။
 
ထို့အပြင် Lai Nawng Hku (လိုင်နောင်းခူး) တံတားပေါ်မှာလည်း မြန်မာစစ်တပ် မှ ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံများ၏ အသွားအလာ ခက်ခဲနေရသည်ဟု ပြောဆိုလာပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest