အစိုးရ တပ်မ ၁၁ နှင့် KIA တပ်မဟာ ၁၀ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား

Share

ရှမ်းပြည်မြောက်ပိုင်း Lung Wai ရွာ အနီး မြန်မာ အစိုးရ တပ်မ (၁၁) စစ်ကြောင်း နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၁၀) တပ်ဖွဲ့ တို့ မတ် ၃၁ ယနေ့ အနည်းဆုံး နှစ်ကြိမ် အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အင်အား ၄၀ ခန့် တပ်မ (၁၁) လက်အောက် အမည် မသိ တပ်ရင်း နှင့် KIA တပ်မဟာ (၁၀)၊ တပ်ရင်း (၂) တပ်ဖွဲ့ ကြား နေ့လည် ၁ နာရီ ကျော်မှာ တစ်ကြိမ် နှင့် ၂ နာရီ ကျော်မှာ တစ်ကြိမ် အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ (၁၀) သတင်း ရပ်ကွက် က ပြောသည်။

တာမိုးညဲမြို့ တောင်ဘက် မန်ပင်းရွာ ဘက်မှ Lung Wai ရွာ သွားလမ်းဘက်ကို အစိုးရတပ်များ ထွက်လာချိန် Nam Gan Hka ချောင်း နှင့် Lung Wai ကြား တောင်ကုန်းပေါ်မှာ တိုက်ပွဲ ဖြစ်ပွားကြောင်း ဆိုပါသည်။

တပ်မတော်နေ့ နှင့် ပြီးခဲ့သည့်အပတ် အတွင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၆) နှင့် တပ်မဟာ (၁၀) နယ်မြေများတွင် စစ်ရေး လှုပ်ရှားလာသည့် အစိုးရတပ်များနှင့် KIA တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ယခုလို တိုက်ပွဲ ဖြစ်ပွားနေချိန် အစိုးရတပ်ဖွဲ အင်အား အလုံးအရင်း သယ်ဆောင်ထားသော ကားများ ရှမ်းပြည်မြောက်ပိုင်းကို တက်လာနေကြောင်း လားရှိုး-မူဆယ်လမ်း ခရီးသည်များ ပြောဆိုကြသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest