
နေပြည်တော်တွင် ၇၃ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပနေစဉ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်-မုံးကို လမ်းမပေါ် မြန်မာ စစ်သားများ လိုက်ပါလာသည့် ကား တစ်စီး ကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
Hkalum ကျေးရွာ အနီးမှ ကောင်းဂွေ ဘက်သို့ ကြံတင်ထားသော တုန်ဖုန်း ကား ၂ စီးမှာ လိုက်ပါသည့် စစ်သားများကို Hka Chyang Hkaraw (ခကျန်ချိုင့်) တွင် နံနက် ၇ နာရီခန့်မှာ မိုင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး ပျက်စီးသွားသည်ဟု KIA တပ်မဟာ (၆) သတင်း ရပ်ကွက်က ဆိုသည်။
မုံးကို ဒေသ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) တပ်ဖွဲ့များ စောင့်ကြို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ စစ်သားများ က မိုင်းဖောက်ခွဲ ခံရသည့် နေရာ ဘေးပတ်ဝန်းကျင်ကို မိနစ် ၂၀ ခန့် ကြာ သေနတ် ရမ်းသန်း ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။
စစ်သားများ မည်မျှ ထိခိုက် သေဆုံးမှု ရှိသည်ကို မသိရသေးပါ။
ယခုလို မိုင်းဖြင့် တိုက်ခိုက် ခံရပြီး မြန်မာ စစ်သားများ Hkalum ဘက်ကို ပြန်ခေါက်သွားပြီး ညနေပိုင်းမှ ကောင်းဂွေ ဘက်ကို ပြန်လည် ဖြတ်သွားနိုင်ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားများ တောင်းဆိုနေသော ‘ကိုယ်ပိုင်ပြဌာန်းခွင့်’ ပေးရန် မဖြစ်နိုင်ကြောင်း ကို တပ်မတော်နှင့် ယခုအချိန်ထိ တိုက်ပွဲ ဖြစ်နေသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကို ရည်ရွယ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၇၃ ကြိမ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
Popular
Latest
- Nippon Foundation to Provide Assistance for Kachin IDP Return (News) 15 Feb 2019
- Rev. Dr. Hkalam Samson: IDP Return Must Not Be Rushed or Militarized (Interview) 15 Feb 2019
- Families of Imprisoned Kachin Youth Leaders Accept Awards on Their Behalf (News) 14 Feb 2019
- Imprisoned Youth Leaders Receive Kachin Human Rights Award (News) 12 Feb 2019
- State Minister: Jade Pickers Must ‘Take Care of Themselves’ (News) 12 Feb 2019