မြန်မာစစ်တပ် နှင့် KIA ရှမ်းမြောက် (၃) နေရာမှာ တိုက်ပွဲ ဖြစ်ပွား နေ

မြန်မာစစ်တပ် နှင့် KIA ရှမ်းမြောက် (၃) နေရာမှာ တိုက်ပွဲ ဖြစ်ပွား နေ

ယနေ့ နံနက်ပိုင်းမှ စပြီး ရှမ်းပြည်မြောက်ပိုင်း (၃) နေရာမှာ မြန်မာအစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားနေပါသည်။

ယမန်နေ့ည တိုက်ပွဲဖြစ်ပွားသည့် Mungbaw (မုန်ဘော်)၊ Lasham ကျေးရွာအနီး တွင် ယနေ့ နံနက်ပိုင်း ၆နာရီ ကျော် က စပြီး မြန်မာစစ်တပ် တပ်မ (၁၁) အောက် ခမရ (၂၁၉) စစ်ကြောင်း နှင့် KIA တပ်မဟာ (၆)၊ တပ်ရင်း (၃၆) ကြား လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများ ဆိုပါသည်။

မြန်မာစစ်တပ် ရဟတ်ယာဉ် တစ်စီး ပျံဝဲမှု ရှိသော်လည်း ပစ်ခတ်မှု မရှိကြောင်း ဒေသခံများမှ သိရသည်။

တိုက်ပွဲနေရာသို့ Mungbaw၊ Mai Hpang ဘက်ကနေ အစိုးရတပ် စစ်ကူများ တက်လာပြီး တချိန်ထဲမှာ Mai Hpang ပြည်သူ့စစ်စခန်းမှလည်း လက်နက်ကြီးများ ပစ်ကူပေးနေသည်ဟု KIA တပ်မဟာ (၆) သတင်း ရပ်ကွက် က ဆိုသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုံ အရှေ့မြောက်ဘက် Namtau ကျေးရွာ ဘုန်းကြီးကျောင်း အလွန် တောင်ကုန်းမှာ ရှိသည့် မြန်မာစစ်တပ် နှင့် KIA တပ်ရင်း (၃၆) တို့ မွန်းလွဲ ၂ နာရီခန့်မှ တိုက်ပွဲ ဖြစ်ပွားနေကြောင်း KIA တပ်မဟာ (၆) က ဆိုသည်။

ထို့အပြင် တာမိုးညဲမြို့ အရှေ့ဘက် KIA တပ်မဟာ (၁၀) နယ်မြေတွင်လည်း KIA တပ်ရင်း (၂) နှင့် (၃၇) ပူးပေါင်းတပ်ဖွဲ့ နှင့် မြန်မာအစိုးတပ် တို့ Hpagum ကျေးရွာ အနီး နေ့လည် ၁၂ နာရီ ခွဲ မှ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု တပ်မဟာ (၁၀) သတင်း ရပ်ကွက် က ကချင်သတင်းဌာန KNG ကို အတည်ပြုသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest