မြန်မာ စစ်တပ် ခမရ ၂၁၉ နှင့် KIA တပ်ရင်း ၃၆ တိုက်ပွဲ ဖြစ်ပွား

KIA တပ်မဟာ (၆) တပ်ဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်း

မြန်မာစစ်တပ် ခမရ (၂၁၉) စစ်ကြောင်း နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) ကြား မတ် ၂၃၊ ယနေ့ ညနေပိုင်း ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မုန်ဘော်၊ Lasham ကျေးရွာ အနီး တပ်မ (၁၁) အောက် ခမရ (၂၁၉) စစ်ကြောင်း နှင့် KIA တပ်ရင်း (၃၆) တပ်ဖွဲ့ တို့ ညနေ ၅နာရီခွဲခန့်မှ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ အချိန် ၄၅ မိနစ်ခန့် ကြာ ဖြစ်ပွားခဲ့သည်ဟု KIA တပ်မဟာ (၆) သတင်း ရပ်ကွက်က ဆိုသည်။

အစိုးရတပ်ဘက် ထိခိုက် ကျဆုံးမှု များနိုင်သော်လည်း မိမိတို့ KIA ဘက်မှာ တစုံတရာ ထိခိုက်မှု မရှိကြောင်း KIA တပ်မဟာ (၆) ဘက် က ကချင်သတင်းဌာန (KNG) ကို ပြောပါသည်။

ပြီးခဲ့သည့် နှစ်ရက် ကတည်းက အဆိုပါ တပ်မ (၁၁) တပ်ဖွဲ့များသည် KIA တပ်ရင်း (၃၆) နယ်မြေ မန်ပင်း၊ မန်ကောင်း ပတ်ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားကာ မန်ပင်းကျေးရွာ ခရစ်ယာန် ဘုရားကျောင်း နှင့် ဘုန်းကြီးကျောင်း များတွင် စခန်းချခဲ့သည်ဟု ဆိုပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest