မြစ်ကြီးနား-ပူတာအို ကားလမ်း ပေါက်ပြီ ဖြစ်သော်လည်း ဓါတ်ဆီဈေး မြင့်တက် နေဆဲ

မြစ်ကြီးနား-ပူတာအို ကားလမ်း ပေါက်ပြီ ဖြစ်သော်လည်း ဓါတ်ဆီဈေး မြင့်တက် နေဆဲ
Share

မြစ်ကြီးနား-ပူတာအို ကားလမ်း ကုန်းတင် ကားကြီးများ သွားလာနေပြီ ဖြစ်သော်လည်း ဓာတ်ဆီ ဈေးများ မြင့်တက်နေသေးကြောင်း ဒေသခံများကဆိုသည်။

ပူတာအိုမြို့ သို့ မတ်လ (၈) ရက်နေ့ ညနေ ကုန်တင် ကားကြီး (၅) စီးရောက်ခဲ့ပြီး ဓာတ်ဆီ ၁ ပီပါ ကို (၁၃)သိန်း ဖြင့် ချရောင်းပေးနေသောကြောင့် ဒေသခံများ မဝယ်နိုင်ဘဲ အခက်အခဲ ကြုံနေဆဲ ဖြစ်သည်။

ကားလမ်းပေါက်ပြီ ဖြစ်သောကြောင့် ပြည်သူများမှာ ယခင်နည်းတူ ဆီ ရနိုင်မည့် မြစ်ကြီးနား၊ ဆွမ်ပရာဘွမ် မြို့များအထိ ဆိုင်ကယ်ဖြင့် သွားသယ်ရန် ခရီးသွား ထောက်ခံစာ တောင်းခံသော်လည်း တပ်မတော် က မပေးကြောင်း ပြောပြပါသည်။

“အစိုးရတပ်မတော် စစ်ဗိုလ်များက စီးပွားရေးလုပ်စားတဲ့အကွက်နှင့်သူတို့ ဆီ ၁ ပီပါ ကို (၁၃) သိန်း နှင့် ချနေတယ် ဒီလိုနှင့်ပြည်သူတွေကို ဒုက္ခပေးနေတယ်” ဟု ဒေသခံများက ပြောသည်။

ကုန်ကားများ ရောက်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ ကုန်ဈေးနှုန်းများ မြင့် တက်နေဆဲဖြစ်ပါသည်။

ယခုအပတ် ပထမဦးဆုံး အကြိမ်ဖြင့် တပ်မတော်လုံခြုံရေးယူပြီး ကုန်တင်ယာဉ်များ ရောက်ရှိလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်း နေရာအချို့ကို ဇန်နဝါရီလ ကုန်ပိုင်းက KIA ကချင် လွတ်လပ်ရေး တပ်မတော် မိုင်းခွဲဖြတ်ဆီးခဲ့သဖြင့် မြစ်ကြီးနား-ပူတာအို ကားလမ်း ၁ လ ခွဲ ခန့် ပြတ်တောက် သွားရာ ယခုလို ပြန်လည်သွားလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest