မြန်မာ-KIA ဂျာအိန်ယန်စစ်ပွဲတွင် မြန်မာအစိုးရစစ်သား ၄ ဦးသေ

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား မြစ်ကြီးနား-ဗန်းမော်လမ်း၊ နမ်ဆန်ယန်ကျေးရွာ အနောက်ဘက် ဂျာအိန်ယန်ကျေးရွာအနီး စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့များတွင် အချိန်တိုတိုက်ပွဲများဖြစ်ပွားရာ အစိုးရစစ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများပြောသည်။


ထို့အပြင် မြန်မာစစ်သားအချို့လည်း ဒဏ်ရာရရှိကြောင်း ဆက်၍သိရသည်။

ယင်းတိုက်ပွဲသည် မြန်အစိုးရစစ်တပ် ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ်ကာကွယ်ရေးတပ်၊ တပ်မဟာ (၅) တပ်များကြား ဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများ ပြောသည်။