လွယ်မောက်ယန် တိုက်ပွဲမှာ မြန်မာအစိုးရစစ်သား ၂ ဦးသေ ၃ ဦးဒဏ်ရာရ
- In သတင်း
- Post 07 September 2011
- Last Updated on 07 September 2011
- By KNG
- Hits: 2296
စက်တင်ဘာ ၆ ရက်၊ အင်္ဂါနေ့တွင် မွန်းလွဲ ၁ နာရီကျော်တွင် ကချင်ပြည်နယ် လိုင်ဇာ-ဗန်းမော်လမ်းပိုင်း လွယ်မောက်ယန်ကျေးရွာအနီး မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ရာ မြန်မာစစ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများပြောသည်။
KIA ဘက်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဗဟိုဌာနချုပ်လိုင်ဇာမှ KIA အရာရှိများပြောသည်။
မြစ်ကြီးနား ပလန အခြေစိုက် ဒု-တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင် ဦးဆောင်သည့် ခလရ (၂၉) နှင့် KIA တပ်မဟာ (၅) လက်အောက်မှ တပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
လွယ်မောက်ယန်တွင် တိုက်ပွဲဖြစ်နေစဉ် လဂျားယန် လက်နက်ကြီးကုန်းတွင် ကျန်ရှိသူ ဗိုလ်မှူး ၀င်းနိုင်မှ ရှေ့တန်းသို့ ၈၁ မမ အမြောက်များဖြင့် ပစ်ကူပေးသည်။
သို့သော် တိုက်ပွဲဖြစ်ပွားရာ လွယ်မောက်ယန်သို့ မရောက်ဘဲ ဒုံခုံ(Dung Hkung)ရွာတွင် အမြောက်ကျည် ၂ ခု ကျရောက်ပေါက်ကွဲသည်ဟု ရွာသားများပြောသည်။
ယင်းကြောင့် ဒုံခုံကျေးရွာသူရွာသားများ သေကြေဒဏ်ရာရမှု ရှိ မရှိ မသိရပေ။




