You are here: Home သတင်း မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်သတ်
ad-kcfc-usa

မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်သတ်

အပစ်အခတ်ရပ်စဲရေးကိစ္စ KIOနှင့် ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များ ဇွန် ၃၀ လဂျားယန်၌ တွေ့ဆုံပြီးနောက် “မြန်မာစစ်သားများ KIA နယ်မြေထဲ ၀င်ရောက်ခြင်းမရှိလျှင် ပစ်ခတ်မှု မပြုရန်” KIA လိုင်ဇာစစ်ဌာနချုပ်က ရှေ့တန်းမှ ၎င်းတို့တပ်ဖွဲ့များကို ဇူလိုင် ၁ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာအစိုးရအုပ်ချုပ်သည့် မြို့ထဲ၊ ရပ်ရွာထဲဝင်ရောက်ဗုံးခွဲခြင်းနှင့် လမ်းပေါ်ဖြတ်သွားသော မြန်မာစစ်သားများအား တိုက်ခိုက်ခြင်း မ ပြုရန်လည်း ညွှန်ကြားချက်တွင်ပါရှိကြောင်း KIA ရှေ့တန်းသတင်း ရပ်ကွက်မှ သိရသည်။

သို့သော် ယင်းသို့ညွှန်ကြားချက်ထွက်လာပြီးနောက် ဇူလိုင် ၃ ရက်တွင် ဆန်ဂန်နှင့် ဘွမ်ဆဲန်ရှိ KIA တပ်စခန်းများကို သိမ်းပိုက် ထားသည့် မြန်မာစစ်တပ်က ဆက်လက်၍ KIA နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာသည့်အတွက် ယင်းဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။

ယင်းတိုက်ပွဲကြောင့် KIA ရှေ့တန်းတပ်များအား ညွန်ကြားထားချက် ပြောင်းလဲခြင်း မရှိပါ။