You are here: Home သတင်း သတင်း ဦးသိန်းစိန်အစိုးရ၏လမ်းစဉ်သည် မဟာဗမာလူမျိုးကြီးဝါဒ ဖော်ဆောင်ခြင်းသာဖြစ်
ad-kcfc-usa
မြန်မာစစ်တပ် နှင့် KIA ဒေါ့ဖုန်းယန်တွင် တိုက်ပွဲဖြစ်နေ

မြန်မာစစ်တပ် နှင့် KIA ဒေါ့ဖုန်းယန်တွင် တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာအစိုးရတပ်ကြ...

မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် ရဲ ၂ ဦး ထိခိုက်

မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် ရဲ ၂ ဦး ထိခိုက်

မေ ၅ - ယနေ့ နံနက် ၆ နာရီမှ ၇ ရီကြား မြစ်ကြီးမြို့ တစ်နေရာတွင် ဗုံး ၂ လုံး တစ်နာရီခြား ပေါက်ကွဲခဲ့ရာ မြန်မာအစိုးရ ရဲ ၂ ဦ...

ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီး တိုက်ပွဲဖြစ်

ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီး တိုက်ပွဲဖြစ်

ဧပြီ ၂၇ ရက် ယနေ့ နံနက် ၁၀ နာရီခွဲခန့်မှာ မြစ်ကြီးနားမြို့အရှေ့ဘက် ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာတွင် မြန်မာအစိုးရတပ်ဖွ...

ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

ကချင်ပြည်နယ် မန်မော်မြို့နယ်ထဲက မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး KIA တိုက်ပွဲတခုမှာ မြန်အစိုးရတပ်ကပစ်လိုက်တဲ့ကျည်ဆံက က...

မြန်မာ-KIA ဂျာအိန်ယန်စစ်ပွဲတွင် မြန်မာအစိုးရစစ်သား ၄ ဦးသေ

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား မြစ်ကြီးနား-ဗန်းမော်လမ်း၊ နမ်ဆန်ယန်ကျေးရွာ အနောက်ဘက် ဂျာအိန်ယန်ကျေးရွာအနီး စက်တင်ဘာ ၅ ရ...

မြန်မာပြည်မြောက်ပိုင်း ပြည်တွင်းစစ်သတင်း

မြန်မာပြည်မြောက်ပိုင်း ပြည်တွင်းစစ်သတင်း

    နိုဝင်ဘာ ၂၉-၂၀၁၁--- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေးရုံးအနီးတွင် ည ၇ နာရီဝန်းကျ...

မြစ်ဆုံရေကာ ပြန်စရန် CPI စည်းရုံးခြင်း

အိမ်ပြန်ပါရစေ

post-m

စီးပွါးရေး

ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁ သောင်းနီးပါး အလုပ်လုပ်ကိုင်နေသည့် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ယင...

ယဉ်ကျေးမှု

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ကချင် “ရိုးရာ” မနောပွဲတော်

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ကချင် “ရိုးရာ” မနောပွဲတော်

မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို ...

ဦးသိန်းစိန်အစိုးရ၏လမ်းစဉ်သည် မဟာဗမာလူမျိုးကြီးဝါဒ ဖော်ဆောင်ခြင်းသာဖြစ်

ယခုအပတ် မြန်မာအစိုးရ၏ မေရိကန်နှင့် တရုတ် အထက်တန်းအရာရှိများအား လက်ခံတွေ့ဆုံခြင်းသည် တိုင်းရင်းသား နိုင်ငံရေးရပိုင်ခွင့်အပြည့်ရှိသည့် ဒီမိုကရေအပြောင်းအလဲအတွက် မဟုတ်ဘဲ မူရင်း "မဟာဗမာလူမျိုးကြီး ၀ါဒ" အား ဖော်ဆောင်ခြင်းသာဖြစ်ကြောင်း တိုင်းရင်းသားနိုင်ငံရေးသုံးသပ်သူများ ပြောသည်။

၁၉၆၂ က ဗမာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း စတင်ခဲ့သည့် လမ်းစဉ်ကို ၎င်းအားဆက်ခံသူများက ပိုပိုပြီး လက်တွေ့ကျင့်သုံးလာသည်။

မတူကွဲပြားသော ရောင်စုံတိုင်းရင်းသားအားလုံးကို တစ်ရောင်တည်း (ဗမာတစ်မျိုးတည်း) အရေဖျော်ပြီးမှသာ နိုင်ငံတွင် ငြိမ်းချမ်းရေးရရှိမည်ဟု ဗမာစစ်အာဏာရှင်များ ယနေ့အထိ ခံယူထားကြောင်း အမည်မဖော်လိုသူ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိတစ်ဦးပြောသည်။

လက်ရှိ အရပ်သားအယောင်ဆောင် မြန်မာစစ်အစိုးရသစ်က အမေရိကန်နှင့် တရုတ် အရာရှိများကို တစ်ပတ်အတွင်း တွေ့ဆုံခြင်းသည်လည်း ဗမာလူမျိုးကြီးဝါဒကို ဖော်ဆောင်ခြင်း လုပ်ရပ်တခုဖြစ်သည်ဟု ဆက်ဆိုသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စုလွှတ်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွှေမန်းနှင့် အခြားအရာရှိများကို ဇွန် ၁ ရက်တွင် တွေ့ဆုံခဲ့သည်။

ဂျွန်မက်ကိန်းသည် မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇွန် ၂ ရက်တွင် တွေ့ဆုံခဲ့သည်။

တချိန်ထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် လီယွန်ချောင်သည် ဇွန် ၂ ရက်တွင်  မြန်မာနိုင်ငံသို့လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦးနှင့် သူရရွှေမန်းတို့နှင့်တွေ့ဆုံခဲ့သည်။

“မက်ကိန်းရဲ့ခရီးစဉ်ဟာ မြန်မာဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အရေးကြီးတယ်။ တရုတ်အရာရှိရဲ့ လာရောက်မှုက မြန်မာပြည်ကို စစ်တပ်ထိန်းချုပ်မှုကိုအဆုံးသတ်မယ်ဆိုတဲ့မက်ကိန်းရဲ့ ကတိကို ချေဖျက်နေတယ်လို့ ထင်တယ်” ဟု အမေရိကန်နိုင်ငံဖလော်ရီဒါရှိ ဒူဝါမရန်ဇော်အောင်ပြောသည်။

ဒူဝါဇော်အောင်သည် ၉၀ ရွေးကောက်ပွဲ NLD ပါတီမှ ကချင်ပြည်နယ် ၀ိုင်းမော် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သည်။

မြန်မာနိုင်ငံရေးမငြိမ်သက်မှုကိုစောင့်ကြည့်ရန် တရုတ်သည် မြန်မာနယ်စပ်တွင် စစ်စခန်းတည်ဆောက်နေသည့် အပြင် မြန်မာ-အမေရိကန်ဆက်ဆံရေးကိုလည်း စောင့်ကြည့်နေသည်။

မြန်မာနိုင်ငံရေးသမားများနှင့် မြန်မာစစ်ခေါင်းဆောင်များသည် ကောက်ကျစ်သည့်အတွက် ၎င်းတို့အားမယုံကြည်သင့်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ အရာရှိဟောင်းဘွမ်ထွယ်ပြောသည်။

၎င်းတို့ရဲ့အကျိုးအတွက် အမေရိကန်နှင့်တရုတ် နိုင်ငံကြီးနှစ်ခုကြား နိုင်ငံရေးကစားနေခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

တရုတ်ကွန်မြူနစ်အစိုးရနှင့် မြန်မာစစ်တပ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ အထူးသဖြင့် ဘာသာရေး၊ လူနည်းစုတိုင်းရင်းသားများနှင့် အတိုက်အခံနိုင်ငံရေးသမားများကို ဖိနှိပ်သည့်မှတ်တမ်းများ တူညီစွာ ရှိကြပါသည်။

တိုင်းရင်းပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ဗမာ၊ ရှမ်း၊ ချင်းနှင့် ကချင် ခေါင်းဆောင်များ သဘောတူရေးထိုးခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ်အတိုင်း ပေါ်ထွန်းလာခြင်းဖြစ်သည်။

သို့သော် ၁၉၄၈ အင်္ဂလိပ်မှ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအား အတူထူထောင်သူများနှင့် ကျန်တိုင်းရင်းသား အားလုံးသည် လူများစု ဗမာတိုင်းရင်းသားများ၏ ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံရပါသည်။