You are here: Home သတင်း သတင်း မြန်မာစစ်အစိုးရ ထူထောင်ပေးသည့် ကချင်ပါတီ မှတ်ပုံတင်ကျလာ
ad-kcfc-usa
မြန်မာစစ်တပ် နှင့် KIA ဒေါ့ဖုန်းယန်တွင် တိုက်ပွဲဖြစ်နေ

မြန်မာစစ်တပ် နှင့် KIA ဒေါ့ဖုန်းယန်တွင် တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာအစိုးရတပ်ကြ...

မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် ရဲ ၂ ဦး ထိခိုက်

မြစ်ကြီးနား ဗုံးပေါက်ကွဲမှုတွင် ရဲ ၂ ဦး ထိခိုက်

မေ ၅ - ယနေ့ နံနက် ၆ နာရီမှ ၇ ရီကြား မြစ်ကြီးမြို့ တစ်နေရာတွင် ဗုံး ၂ လုံး တစ်နာရီခြား ပေါက်ကွဲခဲ့ရာ မြန်မာအစိုးရ ရဲ ၂ ဦ...

ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီး တိုက်ပွဲဖြစ်

ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီး တိုက်ပွဲဖြစ်

ဧပြီ ၂၇ ရက် ယနေ့ နံနက် ၁၀ နာရီခွဲခန့်မှာ မြစ်ကြီးနားမြို့အရှေ့ဘက် ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာတွင် မြန်မာအစိုးရတပ်ဖွ...

ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

ကချင်ပြည်နယ် မန်မော်မြို့နယ်ထဲက မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး KIA တိုက်ပွဲတခုမှာ မြန်အစိုးရတပ်ကပစ်လိုက်တဲ့ကျည်ဆံက က...

မြန်မာ-KIA ဂျာအိန်ယန်စစ်ပွဲတွင် မြန်မာအစိုးရစစ်သား ၄ ဦးသေ

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား မြစ်ကြီးနား-ဗန်းမော်လမ်း၊ နမ်ဆန်ယန်ကျေးရွာ အနောက်ဘက် ဂျာအိန်ယန်ကျေးရွာအနီး စက်တင်ဘာ ၅ ရ...

မြန်မာပြည်မြောက်ပိုင်း ပြည်တွင်းစစ်သတင်း

မြန်မာပြည်မြောက်ပိုင်း ပြည်တွင်းစစ်သတင်း

    နိုဝင်ဘာ ၂၉-၂၀၁၁--- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မော်တော်ယာဉ်ထိန်းသိမ်းရေးရုံးအနီးတွင် ည ၇ နာရီဝန်းကျ...

မြစ်ဆုံရေကာ ပြန်စရန် CPI စည်းရုံးခြင်း

အိမ်ပြန်ပါရစေ

post-m

စီးပွါးရေး

ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းဈေးကွက်ထိုးကျ

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁ သောင်းနီးပါး အလုပ်လုပ်ကိုင်နေသည့် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ယင...

ယဉ်ကျေးမှု

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ကချင် “ရိုးရာ” မနောပွဲတော်

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ကချင် “ရိုးရာ” မနောပွဲတော်

မတူကွဲပြား ခြားနားနေသည့် ကချင်တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်ဆင်နွှဲသည့် “ရိုးရာ” မနောပွဲတော်ကို ...

မြန်မာစစ်အစိုးရ ထူထောင်ပေးသည့် ကချင်ပါတီ မှတ်ပုံတင်ကျလာ

ကချင်ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီမှ ကချင်မနောတိုင်ပါ UDPKS ကချင်ပါတီ၏ ပါတီတံဆိပ်ကို ကန့်ကွက်ထားသည့်ကြား မြန်မာစစ်အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီ အား တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးလိုက်သည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS သို့မဟုတ် စဒက) ၏ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယမန်နေ့ သြဂုတ် ၂ ရက်နေ့က ချပေးခဲ့ပါသည်။

“မနေ့ကပဲ မှတ်ပုံတင်ချပေးလိုက်တာဖြစ်တယ်” ဟု နာမည်ကျော် ကချင်အဆိုတော်တစ်ဦးဖြစ်သူ ယခု UDPKS ပါတီအတွင်းရေးမှူး ဦးဖော်လားကမ်ဖန် (ကချင်လို Hpaula Kam Hpang) ပြောသည်။

ဤပါတီကို ကချင်အမျိုးသားများ၏ ဆန္ဒမပါဘဲ စစ်အစိုးရနှင့် ၎င်း၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့၏ အကြံပေးထောက်ခံမှုဖြင့် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။

ပါတီခေါင်းဆောင် စီးပွားရေးသမား ဒူဝါခက်ထိန်နန် နှင့် ထိပ်ပိုင်းခေါင်းဆောင်အားလုံးသည် အစောပိုင်းက စစ်အစိုးရ၏ နိုင်ငံရေးပါတီ USDP အဖွဲ့ဝင်များဖြစ်ကြသည်။

UDPKS သည် ပါတီမှတ်ပုံတင်ရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် (၂၃) ရက်နေ့တွင် လျှောက်ထားရာ (၁၀) ရက်အတွင်း ပါတီမှတ်ပုံတင် ထုတ်ပေးခြင်းလည်းဖြစ်သည်။

၎င်းပါတီ၏ မှတ်ပုံတင်လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ပါ ပူးတွဲ ဖော်ပြထားသည်။ အလံမှာ အစိမ်းရောင်အောက်ခံတွင် အဖြူရောင်ကြယ်သုံးလုံးပါရှိသည်။ ယင်းကြယ်သုံးလုံးမှာ ကချင်ပြည်နယ်ရှိ ကချင်၊ ရှမ်း၊ ဗမာ လူမျိုးတို့နှင့် စစ်အစိုးရ၏ ဒို့တာဝန်အရေး (၃) ပါးကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဦးကမ်ဖန်က ကချင်သတင်းဌာနသို့ ရှင်းပြသည်။

ကချင်ရိုးရာမနောတိုင်ကို စပါးနှံ နှစ်ခက်ဖြင့် ၀န်းရံထားသည့် ပါတီအမှတ်တံဆိပ်မှာ ကချင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် ပါတီတစ်ခုအဖြစ် ဖော်ညွှန်းထားခြင်းဖြစ်ပါကြောင်း ပါတီအတွင်းရေးမှူးမှ ဆက်ပြောသည်။

ယခု USDP က ထူထောင်ပေးသည့် UDPKS ပါတီ၏တံဆိပ်ကို မြစ်ကြီးနား အခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ (Wunpawng Htunghking Ginjaw) မှ ကန့်ကွက်ခဲ့သော်လည်ုး ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့ပါ။

“သူတို့ကန့်ကွက်နိုင်တယ် ဆိုလို့၊ ကန့်ကွက်စာတင်လိုက်တယ်။ သူတို့ချပေးလိုက်တော့လည်း ပြီးသွားပြီလေ။” ဟု မြစ်ကြီးနားမြို့မှ ယဉ်ကျေးမှု ဗဟိုကော်မတီအတွင်းရေးမှူး ဦးကမန်းဒူနော် ပြောသည်။

ပါတီမှတ်ပုံတင်ရရှိပြီးနောက် UNITY AND DEMOCRACY PARTY OF KACHIN STATE ခေါ် စဒက ပါတီ သည် ယခုချိန် ကချင်ပြည်နယ်တ၀န်း မြို့နယ်အလိုက် ပါတီကော်မတီခွဲများဖွင့်လှစ်ရေးအတွက် ပထမအဆင့် အနေဖြင့်  ပြင်ဆင်နေပါပြီ။

ကချင်အဖွဲ့အစည်းကြီးများ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်မှ ”ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)” နှင့် ရှမ်းပြည်နယ်ရှိ ခွဲ-ကချင်ပြည်နယ်မှ ”ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ (NSPP)” တို့အား ရွေးကောက်ပွဲကော်မရှင်က ယခုချိန်ထိ ပါတီတည်ထောင်ခွင့် မချပေးသေးပါ။