အင်ဂွမ်းလမှ မြစ်ကြီးနားအဆင်း စက်လှေမှောက်ပြီး လူ ၈ ယောက်သေ
- In သတင်း
- Post 29 January 2010
- Last Updated on 06 September 2010
- By ကေအင်ဂျီ
- Hits: 594
ပြီးခဲ့တဲ့ တနင်္လာနေ့မှာဖြစ်ပျက်သွားခဲ့တာဖြစ်ပြီး စက်လှေထဲမှာ စီးလာသူ လူ ၁၆ ယောက်မှာ ၈ ယောက်က တော့ အသက်လွတ်မြောက်နိုင်ခဲ့တယ်လို့ သူတို့မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီစက်လှေမှာပါလာခဲ့သူတွေကတော့ အင်ဂွမ်းလကျေးရွာမှာ ကေအိုင်အို လွတ်လိုက်တဲ့ ကျောင်းဆရာမ မိသားစုနဲ့ ကလေး အပြင် ရွှေကျင်သွားသူတွေပါဝင်တယ်လို့ ဆိုပါတယ်။
ဆရာမဆိုသူကတော့ လွတ်မြောက်သွားခဲ့ပေမယ့် အခု ရေထဲကျပျောက် သေဆုံးသူ ၈ ယောက်ထဲမှာ သူ့ကလေးအပါအ၀င် သေဆုံးသူအလောင်းကို မတွေ့ရသေးတဲ့အတွက် ကေအိုင်အိုက ရှာဖွေနေဆဲဖြစ်တယ်လို့ သေဆုံးသူမိသားစုဝင်တွေကပြောပါတယ်။
အင်ဂွမ်းလ ကနေ မြစ်ကြီးနားကို ကားလမ်းနဲ့သွားနိုင်ပေမယ့် ငွေကြေးအခက်ခဲနဲ့ လမ်းခရီးကြမ်းပြီး အချိန်ကြာတဲ့အတွက် အများဆုံးနှစ်ရက်ခရီးကြာတဲ့ ရေလမ်းကတဆင့် သွားကြပါတယ်။
အဓိကသွားနေတဲ့သူတွေကတော့ ရွှေကျင်သွားတဲ့သူတွေနဲ့ ဈေးသည်တွေဖြစ်ပြီး ရေစီးသန်ပြီး အန္တရယ်ကြီးတဲ့ အတွက် မကြာမကြာ မှောက်ပြီး လူပျောက်သေဆုံးမှုဖြစ်ပေမယ့် လူတွေကတော့ စွန့်စားပြီးသွားနေဆဲဖြစ် တယ်လို့ မြစ်ကြီးနားဒေသခံတွေက ကေအင်ဂျီသို့ ပြောပြပါတယ်။










