KIA စစ်ရေးပြနေပုံ၊ လိုင်ဇာ
Category: သတင်း

မြစ်ကြီးနား-ပူတာအို လမ်း KIA စခန်း တစ်ခု ကို မြန်မာ အစိုးရတပ် သိမ်းပိုက်

မြန်မာ အစိုးရတပ် က ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ မြစ်ကြီးနား-ပူတာအို လမ်း အရေးပါသည့် တပ်စခန်း တစ်ခုကို ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့ က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

မနောပွဲ အငွေ့အသက်


k-ja-nuကျောက်တုံးတစ်တုံးပေါ် တစ်တုံးဆင့်ကာ အင်္ဂတေများဖြင့် သေချာအစီအရီချနေရာမှ လူတစ်ဦး၏ မလိုဟန့်တားချက်ဖြင့် တည်ဆောက်နေသည့် ကျောက်တုံးများကို ချက်ခြင်းဖြိုဖျက်လိုက်သည်။ မေခ၊ မလိခ မြစ်နှစ်သွယ် ဆုံစည်းသည့်ပုံမျိုး လိုချင်သည့် ထိုသူမှ “ရေကာတာ တည်ဆောက်သလို ဖြစ်နေပြီ၊ သမ္မတတောင် ရေကာတာ တည်ဆောက်တာကို ရပ်တန့်ခိုင်းလိုက်ပြီ။ ခုဟာက ရေကာတာ ဆောက်နေသလိုပဲ။” ဟု မလို ငြီးတွားနေသည်။


လူအယောက် ၂၀ခန့် ကချင် မနောတိုင်၊ မနော မုဒ်ဝ ဒီဇိုင်းများဖြင့် စင်မြင့် တစ်ခု တည်ဆောက်နေတာ တွေ့နေရသည်။ ဒါကတော့ ဖေဖေါ်ဝါရီလ ၂၅ရက်နေ့၊ ရန်ကုန်မြို့ရှိ မျှော်စင်ကျွန်းတွင် ကျင်းပပြုလုပ်မည့် ကချင်မနော အလှ တေးဂီတပွဲတော် ရှိုးကြီး တစ်ခု ဖြစ်သည်။

ကချင် အဆိုတော် တေးသံရှင် နောနော်(Blaze)၊ L လွန်းဝါ၊ ဒေါင်လွမ်း၊ အန်းနော်၊ ဂျက်ဆန်ထွန်း၊ အောင်းလာ၊ Ah ယော၊ နော်ဒင့်၊ L ဆိုင်းလီ၊ အောင်ရာလီ၊ အဇဲ၊ ကေဂျာနူး၊ ကော့မိုင်၊ L ခွန်းရီ၊ ဆိုင်းဇီ၊ ရေဗက္ကာဝင်း၊ Blue Berry၊ N ကိုင်ရာ၊ ဆူဇီ၊ T ခမ်းဆိုင်၊ M ဆိုင်းလာ၊ K ခေါန်နူး တို့မှ ပါဝင် သီဆို သွားမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် တရုတ်ပြည်ရှိ ကချင်ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့နှင့် ဝန်ဇွပ် တို့မှ ကချင်ရိုးရာအကများဖြင့် ပါဝင် ကပြသွားမည်ဟု သိရပါသည်။

မနောအလှ တေးဂီတပွဲတော် ဖြစ်မြောက်လာသည့် အကြောင်းအား အန်တီ L ခွန်းရီကို ကချင်သတင်းဌာနမှ မအိန်ရော်မှ ဆက်သွယ်မေးမြန်းထားပါသည်။

“ကချင်ပြည်နယ်က မောင်လင်းခန့် လာတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေအတွက် အလှူလိုတယ်။ အဲ့အတွက် သူက စတိတ်ရှိုးလေးလုပ်ရင်ကောင်းမလားပေါ့နော။ အန်တီဆီတော့ လွန်ခဲ့တဲ့ ၁ လလောက်မှ လာပြောတယ်၊ ရန်ကုန်မှာရှိတဲ့ ကချင်အဆိုတော်တွေကို စုလိုက်တယ်၊ တိုင်ပင်လိုက်တယ်။ ကချင်အဆိုတော်တွေက အားလုံးကအသံကောင်းတယ်။ အားလုံးကိုခေါ်ရင်လည်း မဖြစ်ဘူးလေ။ သူ့ကိုခေါ်၊ သူ့ကို မခေါ်ဖြစ်မှာစိုးလို့ ရန်ကုန်မှာ ရှိတဲ့ ကချင်အဆိုတော်တွေ အားလုံးကို ခေါ်လိုက်တယ်။”

ပွဲဖြစ်မြောက်ရေးအတွက် ဘယ်လို အခက်အခဲမျိုးနဲ့ ကျော်လွှားခဲ့ရလဲ။
“အခက်အခဲတွေက သိပ်ဘာမှ မရှိဘူး။ သူက ဘာလုပ်၊ ကိုယ်က ဘာလုပ်ဆိုပြီး စီမံခန့်ခွဲရေးလုပ်လိုက်တယ်၊ ရန်ပုံငွေရှာဖွေရေးက အန်တီပေါ့၊ ဦးသောင်း အန်တီ အမျိုးသားလည်း အများကြီး ကူညီပေးတယ်။ လုပ်ငန်းရှင်တွေကလည်း လိုလိုလားလားပဲ ရန်ပုံငွေပေးတာ၊ အဲ့တာနဲ့ပဲ ပိုလုပ်ဖြစ်သွားတာပေါ့။ အစည်းအဝေးကလည်း ၈ ခါလောက်လုပ်ရတယ်၊ လာချင်တဲ့လူလာပေါ့၊ မလာနိုင်လည်း ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်ကြတာပဲလေ။ အချို့ နောနော်တို့ ဆို လုံးဝ မလာနိုင်ဘူးပေါ့၊ သူတို့ အလုပ်များလို့ ဖြစ်မှာပေါ့၊ အဲ့နေ့မှာ ဆိုရင် ပြီးတာပဲ။ ရေဗက္ကာတို့ဆို လုံးဝ လိုက်ဖမ်းလို့မရဘူး။”

ဘယ်သူက ဘယ်အပိုင်းမှာ တာဝန်ယူရလဲ။
“ကေဂျာနူးက ကြိုဆို ဧည့်ခံရေး၊ ဒေါင်လွဏ်းက ရိုက်ကူးရေး၊ L လွန်းဝါက အဆိုတော် စုစည်းရေး၊ အောင်းလာကဆို Band အကုန်တာဝန်ယူတယ်။”

ဘယ်လိုသီချင်းလေးတွေ သီဆိုဖို့ ရွေးချယ်ထားလဲ။
လွန်ခဲ့တဲ့ ၃၅ နှစ်က ဆိုတဲ့ “အလည်တစ်ခေါက်လာခဲ့ပါ” ဆိုတဲ့ သီချင်းလေး၊ အဲ့သီချင်းက CD လည်း မရှိတော့ဘူး။ အရမ်းနာမည်ကြီးတဲ့ သီချင်းဖြစ်တယ်။ အန်တီက CD လည်း ပြန်ရအောင် ဆိုချင်တာပါ။ N ကိုင်ရာ၊ ကော့မိုင်တို့နဲ့ အတူ ဆိုမယ်။ ကေဂျာနူးရဲ့ “ကချင်ပြည်ကို လာပါ” ဆိုတဲ့ သီချင်းလည်း အန်တီက ငယ်ငယ်ကတည်းက ကြိုက်တာ အဲ့သီချင်းက ကောင်းလိုက်တာ ပွဲနဲ့လည်းလိုက်တယ်ဆိုတော့ အဖွဲ့လိုက်ဆိုဖို့ စီစဉ်ထားတယ်။ “မနောရဲ့ အလှ” ဆိုတဲ့ တေးသီချင်းကိုလည်း အဖွဲ့လိုက်ဆိုမယ်။

ရန်ပုံငွေ ဘယ်လောက်ရထားပြီလဲ။
“ခုလောလောဆယ်တော့ သိန်း (၈) ရာကျော် ရထားပါပြီ။ ပထမ တစ်ခေါက်လုပ်ငန်းရှင်တွေ ဒီလောက် စိတ်ဝင်စားမယ်လို့ မထင်ဘူး၊ အန်တီတို့က ၁၀၊ ၂၀လောက်ပဲ မျှော်မှန်းထားတာ။ အလွန်ဆုံး ၅၀ လောက်ပဲ မှန်းထားတာ၊ သူတို့က ရော့ သိန်း ၂၀၀ အဲ့လို ပေးကြတယ်။ အန်တီက ဆို ပျော်လွန်းလို့၊ ကချင်ဒေသခံတွေက နောက်မှ ပျော်ရမှာ အန်တီတို့က ပထမဦးဆုံးပျော်နေပြီ။”

ရန်ပုံငွေကို အန်တီတို့ ဘယ်လို လှူးဒါန်းမလဲ။
အန်တီတို့က ရန်ပုံငွေကို ကိုယ်တိုင်သွားလှူမယ်။ ဝေးလှံခေါင်ဖြားတဲ့ နေရာတော့ မရောက်ဘူးပေါ့၊ ဝိုင်းမော်၊ မြစ်ကြီးနားတွေမှာ ရှိတဲ့ အောက်ခြေအဖွဲ့တို့ကို အန်တီိတို့ လှူပါမယ်။ လက်လှမ်းမှီတဲ့နေရာတွေပေါ့။ ဗန်းမော်ဆိုလည်း အချိန်သိပ်မရတော့ အလှူခံမယ့်လူနဲ့ အဓိက လုပ်နေတဲ့ လူတွေကိုလာခိုင်းလိုက်မယ်။ အဖွဲ့လိုက်ကြီး သွားပြီးတော့ လှူပါမယ်။ အန်တီတို့ကိုယ်တိုင် သွားလှူတော့ ဒေသခံတွေလည်း ပိုပြီးတော့ အားတက်တာပေါ့။ သီချင်းက လူတွေရဲ့ စိတ်ကို ပိုပြီး ပျော်ရွှင်စေတယ်လေ။ အဲ့ကြောင့် အန်တီတို့ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်တာ။

အန်တီအနေနဲ့ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး  အန်တီ အမြင်တွေ ပြောပြပါ။
အန်တီက ကချင်ပြည်နယ်ကို ပြန်မရောက်တာ ၇ နှစ်ရှိပြီ။ အန်တီယောက်ကျားနဲ့ အဖေ့ (မြန်မာအစိုးရ ကချင်ပြည်နယ် တိုင်းမှူးဟောင်း L ကွမ်ဖန်)သင်္ချိုင်း သွားရွှေ့တာပေါ့နော၊ အန်တီအဖေ့ နှစ် ၂၀ ပြည့်တုန်းက အန်တီက ဂျော်ဘွမ်မှာ ရွှေ့တယ်။ ကချင်ပြည်နယ်နေ့ ပါချင်တယ်ဆိုတော့ အဲ့နေ့ မတိုင်ခင် သွားလိုက်တယ်။ ကချင်ပြည်နယ်နေ့ သွားတက်တယ်။ ပွဲက အရမ်းစည်ကားတယ်။ ဒါက လွန်ခဲ့တဲ့ ၇ နှစ်ကပေါ့။ အခုတော့ မရောက်ဖြစ်တော့ဘူး။ အန်တီ သွားတုန်းက တအားပျော်တာ။ အန်တီ အဖေရှိတုန်းက နယ်မြေ မအေးချမ်းသေးဘူးလေ။ အန်တီက သွားချင်တာ အဖေက မသွားခိုင်းဘူး။ အဖေ မရှိတဲ့ နောက်ပိုင်း အန်တီ ရောက်သွားတော့ ဘာမှ မဖြစ်ဘူး။ စိတ်ချလက်ချပဲ… အေးချမ်းခြင်းအရသာကို ခံစားလိုက်ရတယ်။ အဲ့လိုမျိုး တိုင်းပြည် အေးချမ်းတာ ကောင်းပါတယ်။ အန်တီတို့ အရမ်း သဘောကျတယ်။ ငြိမ်းချမ်းတော့ အေးအေးဆေးဆေး သွားလို့ရတယ်။ ခုတော့ နယ်မြေ ငြိမ်းချမ်းလား မငြိမ်းချမ်းလား သွားရင် အဆင်ပြေလား မပြေလား အန်တီ မပြောတက်ဘူး။
yangon-kachin-concert
ဆက်လက်ပြီး ရှိုး စတိတ်စင် အနေအထား ပုံစံအား စိတ်တိုင်းကျ စီစဉ်နိုင်ရန် သီချင်းတိုက် အပြီး အပြေးလွှားလာခဲ့တဲ့ အန်တီ ကေဂျာနူးနှင့် မောင်ဒေါင်လွဏ်းတို့၏ ရင်ထဲမှ အသံများလည်း မေးမြန်းထားသည်။

အန်တီ အရမ်းပီတိဖြစ်မိပါတယ်။ တကယ်လိုအပ်တဲ့ အရာမှာ မိမိစေသနာနဲ့ ပါဝင်လို့ ဘုရားကို ကျေးဇူးတင်တယ်။ အရေးကြီးရင် သွေးနီးတယ်။ တညီတညွတ်တည်း လုပ်ဆောင်ကြတယ်။ တစ်ချို့ ရှိုးပွဲ မလာတက်တဲ့ လူကြီးတွေလည်း ဒီဂီတပွဲကို လာအားပေးမယ်လို့ ပြောတော့ အရမ်းပျော်တယ်။

အန်တီက ဘာသီချင်းဆိုမှာလဲ။
ကိုကိုခွစာနှင့် ခင်သလား ချစ်သလား သီချင်းလေးပါ။ ဟို မေခ၊ မလိခ မြစ်ဆုံ နှစ်ခု ဆုံတဲ့ ကျွန်းကလေးမှာ သီချင်းဆိုတဲ့ ပုံစံမျိုးပေါ့။ မြစ်ဆုံ အရသာခံစားအောင်လို့ပါ။

မနော စတိတ်စင်နဲ့ ပတ်သက်ပြီး မနောအလှ ရိုက်ကူးရေးတာဝန်ခံ မောင်ဒေါင်လွဏ်းမှလည်း
“ပွဲဝင်လာကတည်းက မနောကွင်းကြီးကို ဝင်လာတဲ့ စတိုင်မျိုးပေါ့၊ မုဒ်ဦးနဲ့၊ မြစ်ဆုံလေး ပုံပေါ်အောင် ကျတော်တို့ ကြိုးစားနေတယ်၊ ကချင်ပြည်နယ်ကြီးကို ရောက်သွားတဲ့ ပုံစံမျိုးပါ။ မနောပွဲ မလုပ်လိုက်ရတော့ မနောပွဲလေးကို ကြည့်နေရသလို ခံစားရအောင်လို့ပါ။ မနောပွဲ အငွေ့အသက်လေးရအောင် ဒီရှိုးပွဲလေးနဲ့ အလှူငွေလည်းရှာရင်း ကျတော်တို့ လုပ်ဖြစ်သွားတာပါ။”

အစ်ကိုကရော ဘာလို သီချင်း သီဆိုသွားမှာလဲ။
အကြီးပိုင်း ကချင်ပြည်ကိုလာပါ။ ကျတော်တို့ လူငယ်တွေက အချစ်သီချင်းလေးတွေ သီဆိုသွားမယ်။ ကျတော်က live show ဆိုမှာ။

အန်တီကေဂျာနူး နှုတ်ခမ်း ခပ်ဟဟလေး ရီကာ စင်မြင့်ကြီးအား ကြည့်ရင်း “မောလည်း မောတယ်။ ပျော်လည်း ပျော်နေတယ်။” ဟု ဆိုနေသည်။