KNG BURMESE WEBSITE
KNG KACHIN WEBSITE

ကချင် လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု စက်တင်ဘာ (၃)ရက်နေ့ စွဲချက် အမိန့်ချဖွယ်ရှိ

သြဂုတ် ၂၇၊ ၂၀၁၈ ဦးဇော်ဂျတ် (ဘယ်)၊ ဒေါ် နန်ပူ နဲ့ ဦးလွမ်းဇောင်း
Share
ကချင် တိုက်ပွဲ နယ်မြေအတွင်း ပိတ်မိနေသောပြည်သူများ လွတ်မြောက်ရေး လူငယ် ဆန္ဒပြ ဦးဆောင်ခဲ့သူ (၃)ဦး အား တပ်မတော်အသရေဖျက်မှု ဖြင့် တရားစွဲထားခြင်း အမှု စက်တင်ဘာ (၃) ရက်နေ့ ရုံးချိန်းတွင် စွဲချက် အမိန့်ချမည် ဖြစ်သည်။

ကချင် တိုက်ပွဲ နယ်မြေအတွင်း ပိတ်မိနေသောပြည်သူများ လွတ်မြောက်ရေး လူငယ် ဆန္ဒပြ ဦးဆောင်ခဲ့သူ (၃)ဦး အား တပ်မတော်အသရေဖျက်မှု ဖြင့် တရားစွဲထားခြင်း အမှု စက်တင်ဘာ (၃) ရက်နေ့ ရုံးချိန်းတွင် စွဲချက် အမိန့်ချမည် ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်မတာ် သား ဒုဗိုလ်မှုးကြီး မျိုးမင်းဦး တရားစွဲထားသည့် အဆိုပါ အမှုကို ဆက်လက် စစ်ဆေးသင့်/ မသင့် အကြောင်းကို လာမည့် အပတ် အမိန့်ချမည်ဟု တရားခံ တစ်ဦး ဦး Lum Zawng (လွမ်းဇောင်း) ပြောပါသည်။.

“ဒီနေ့တော့ စွဲချက်အတွက် လျှောက်လဲချက်ကို စာနဲ့ တင်ပြခြင်းသာဖြစ်တယ်။ စွဲချက်အမိန့်ဆိုတာ ကျနော်တို့ကို စွဲထားတဲ့ အမှု ဆက်လက် စစ်ဆေးသင့်မသင့် အမိန့်ချမှာ ဖြစ်တယ်။ ဆက်လက်စစ်ဆေးသင့်ကြောင်း အမိန့်ချရင်တော့ ကျနော်တို့ဘက်ကို ပြန်စစ်မှာဖြစ်တယ်။ မစစ်သင့်တော့ဘူး ဆိုရင်တော့ ဒီအမှုကို ပယ်ဖျက်လိုက်မှာ ဖြစ်တယ်။”

ယနေ့ ရုံးချိန်းတွင် တပ်မတော်ဘက်က တရားလို တစ်ဦးတစ်ယောက်မျှ လာရောက်ခြင်း မရှိခဲ့ပါ။

ဧပြီလဆန်းတွင်း ဖြစ်ပွားခဲ့သော ကချင်ပြည်နယ်အနှံ့ တိုက်ပွဲကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့သော လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ဦး Lum Zawng၊ ဦး Zau Jat (ဇော်ဂျတ်) နှင့် ဒေါ် Nang Pu (နန်ပူ) တို့ကို တပ်တော်မှ အရေးယူခဲ့ခြင်းဖြစ်ပြီး မေလ (၁၆)ရက်နေ့မှ စတင်ကာ အမှု ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။